Monday, November 2, 2015

ကမ္ဘာ့အကြီးဆုံး မီးတောင်ရှင်

လှုပ်ရှားမှုတွေပြင်းထန်တဲ့ မီးတောင်ဒေသတွေဟာ အင်ဒီးစ်တောင်တန်းနဲ့ တောင်အမေရိကတိုက်တို့မှာ ရှိကြပါတယ်။ အဲဒီမီးတောင်တွေထဲမှာ အမြင့်ဆုံးမီးတောင်ကတော့ Ojos del Salada ဆိုတဲ့ မီးတောင်ပဲ ဖြစ်ပါတယ်။ အမြင့်ပေအားဖြင့် ၆၈၈၅ မီတာမြင့်ပြီး သူ့ထက်ပိုမိုမြင့်မားတဲ့ မီးတောင်တွေကတော့ ပစိဖိတ်သမုဒ္ဒရာထဲကနေ ထိုးထွက်လာတဲ့ မီးတောင်တွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဟာဝါရီကျွန်းကဲ့သို့ မီးတောင်မျိုးပင် ဖြစ်သည်။ 

ဟာဝါရီကျွန်းပေါ်မှ မောင်နာလိုအာ မီးတောင်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး မီးတောင်ကြီးဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက် ၄၁၇၀ မီတာ မြင့်ပါတယ်။ အောက်ခြေမှ ပင်လယ်ရေမျက်နှာပြင်အထိ အမြင့် ၅၁၈၀ မီတာမြင့်ပြီး အောက်ခြေက ဘဲဥပုံသဏ္ဍာန်ဖြစ်နေပါတယ်။ ၁၁၉ ကီလိုမီတာ ရှည်လျားပြီး ၈၅ ကီလိုမီတာ ကျယ်ဝန်းပါတယ်။ ဟာဝါရီကျွန်းက မီးတောင်များဆီမှ ချော်ရည်များဟာ အရည်အဖြစ်နဲ့ ရှည်လျားစွာ စီးဆင်းသွားတယ်လို့ ဆိုပါတယ်။

သတိပြုစရာတစ်ခုကတော့ မောင်နာလို မီးတောင်ဟာ ၃ နှစ်ကြာတိုင်း ပေါက်ကွဲတတ်တာ ဖြစ်ပြီးပင်မမီးတောင်ရဲ့ အရှေ့တောင်ဘက်က ကီလူအီ မီးတောင်ဝမှာတော့ အနီရောင် ချော်ရည် ချော်မြှုပ်တွေနဲ့ ဖုံးနေတယ်လို့ ဆိုပါတယ်။

ပုံမှာ မောင်နာလို မီးတောင်ပုံ ဖြစ်ပါသည်။

Credit : Earth & Space by Khing Maung Zaw

Download Wun Zinn

0 comments:

Post a Comment