Monday, November 2, 2015

ကမ္ဘာ့အကြီးဆုံး သွယ်တန်းနေတဲ့ တောင်တန်း

ကမ္ဘာပေါ်မှာ အကြီးဆုံး သွယ်တန်းနေတဲ့ တောင်တန်းကြီးကတော့ ဟိမ၀န္တာ ကာရာကိုရမ်တောင်တန်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ တည်ရှိပြီး ၎င်းတောင်တန်းတွေပေါ်မှာ ကမ္ဘာ့အမြင့်ဆုံး တောင်ထွတ်များလည်း ရှိသည်။ 

နီပေါနိုင်ငံနှင့် တိဗက်ကြားမှ ဟိမ၀န္တာတောင်တန်းပေါ်မှာ ဧ၀ရတ်တောင်ထွဋ်ရှိပြီး ကမ္ဘာ့အမြင့်ဆုံး တောင်ထွဋ်ဖြစ်ကာ ၈၈၄၈ မီတာ မြင့်တယ်လို့ ဆိုပါတယ်။ ၁၈၅၂ ခုနှစ်မှာ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထွတ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေတွေ့ရှိခဲ့သူ အိန္ဒိယနိုင်ငံရဲ့ မြေတိုင်းမှူးချုပ် ဆာဂျော့ အဲဗရက်ရဲ့အမည်ကို ဂုဏ်ပြုမှည့်ခေါ် ပေးထားတာလည်း ဖြစ်ပါတယ်။ တောင်အမေရိကတိုက် အင်ဒီးစ် တောင်တန်းတွေထက် ပိုမိုရှည်လျားပေမယ့် ပိုမိုနိမ့်ကျပါတယ်။ 

ဆောင်း၊ နွေ၊ မိုး သုံးရာသီလုံး နှင်းဖုံးနေတတ်သောကြောင့် ဟိမ၀န္တာ- နှင်းများ အမြဲတမ်း ရှိနေသော တောင်တန်းဟု ပါဠိဘာသာအားဖြင့် သိကြသည်။ 

အိန္ဒိယနိုင်ငံ၏ အထင်ရှားဆုံး အထွဋ်အမြတ်ထားရာ ဂင်္ဂါမြစ်ကြီးသာမဟုတ် အာရှတိုက် တစ်တိုက်လုံး နီးပါးရှိ မြစ်အပေါင်းတို့သည် ဟိမ၀န္တာတောင်တန်းကြီး မှ ဖြာထွက် စီးဆင်းကြသည်။ မြန်မာနိုင်ငံကြီး၏ အရှည်ဆုံးနှင့် ပဓာန အကျဆုံးဖြစ်သော အသက်သွေးကြော မြစ်မင်းဧရာနှင့် အနောက်ဘက် တောင်တန်းများ အကြားက ချင်းတွင်းမြစ်တို့သည် ဟိမ၀န္တာတောင်တန်းဆီမှ မြစ်ဖျားခံစီးဆင်းကြသလို တရုတ်နိုင်ငံကြီး၏ အရှည်ဆုံးဖြစ်သော ယန်ဇီမြစ်ကြီးသည် ဟိဝမန္တာတောင်တန်းကြီးမှ အခြေခံသည်။

Ref : Famous Places & Monuments in Myanmar by Maung Kyi Thant

Download Wun Zinn

0 comments:

Post a Comment