Wednesday, April 8, 2015

ကမ္ဘာ့ဉာဏ်အကောင်းဆုံး ပုဂ္ဂိုလ် ၁၀ ယောက်

ကမ္ဘာကြီးမှာ ဦးနှောက်ပိုင်းဆိုင်ရာ ဉာဏ်ရည် (IQ) မြင့်မားသည့် ပုဂ္ဂိုလ်များစွာ ရှိပါသည်။ ယင်းတို့ထဲမှ ယခု အိုင်ကျူမြင့်မားလှသည့် ပုဂ္ဂိုလ် ၁၀ ယောက်နှင့် ၎င်းတို့၏အကြောင်းကို စုစည်းဖော်ပြလိုက်ပါသည်။


10.Stephan Hawking
Stephan Hawking ကို Black Holes (စကြ၀ဠာဆိုင်ရာ တွင်းနက်ကြီးများ) ကို ဖော်ထုတ်ခဲ့သူအဖြစ် လူသိများပါတယ်။ ဟော့ကင်းဟာ ရူပဗေဒ သိပ္ပံပညာရှင်၊ စကြ၀ဠာဗေဒ ပညာရှင် တစ်ယောက်ဖြစ်ပြီး အင်္ဂလန်နိုင်ငံ Oxford မှာ မွေးဖွားခဲ့ပါတယ်။ IQ Level 160 ရရှိခဲ့တာကြောင့် ယခုလို ဉာဏ်ရည်အမြင့်ဆုံး လူသားစာရင်းမှာ နံပါတ် ၁၀ ချိတ်နေတာလည်း ဖြစ်ပါတယ်။ဉာဏ်ရည်ထက်မြက်သူ တစ်ယောက်ဖြစ် ကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့တဲ့ ဟော့ကင်းဟာ Paralyses (သွပ်ချာပါဒ)ရောဂါကို ခံစားနေရသူ ဖြစ်သော်လည်း ၎င်း၏ ကွမ်တမ်မက္ကနစ် သီအိုရီနှင့် စကြ၀ဠဆိုင်ရာသီအိုရီအယူအဆသစ်များကို ထပ်မံ မိတ်ဆက်ခဲ့သူလည်း ဖြစ်ပါတယ်။


9. Andrew Wiles
ဗြိတိသျှ သင်္ချာပညာရှင်ဖြစ်တဲ့ Sir Andre John Wiles ဟာ ကမ္ဘာ့ဉာဏ်ရည်အမြင့်ဆုံး ပုဂ္ဂိုလ် ၁၀ စာရင်းမှာ နံပါတ် ၉ ချိတ်သူ ဖြစ်ပါတယ်။ ကိန်းဂဏန်းသီအိုရီများကို ဖော်ထုတ်လေ့လာမှုအားကောင်းပြီး Oxford တက္ကသိုလ်ရှိ Royal Society မှာ လေ့လာစူစမ်းသူ ပါမောက္ခတစ်ဦးလည်း ဖြစ်ပါတယ်။ Fermat ၏ Last Theorem ကို မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သူ ပါမောက္ခ Wiles ဟာ IQ Level 170 ရရှိသူလည်း ဖြစ်ပါတယ်။ ပြီးတော့ အောင်မြင်နေတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။


8. Paul Gardner Allen
Paul Gardner Allen ဆိုတာ အမေရိကန် စီးပွားရေးလောကမှာ မသိသူမရှိတဲ့ စီးပွားရေးပညာရှင်၊ Bill Gates (Microsoft) ၏ Co-Founder အဖြစ်လည်းကောင်း လူသိများသည့် စီးပွားရေး ဂုရုကြီးတစ်ဦး ဖြစ်ပါတယ်။  ၂၀၁၃ ခု မတ်လမှာ သူဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းမှာ ၅၃ ၀င်ခဲ့ပြီး ပိုင်ဆိုင်မှုအားဖြင့် ဒေါ်လာ ၁၅ ဘီလီယံ အထိ ရှိတယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။ ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ ပြတ်သားမှု၊ မှန်ကန်မှုတို့ကြောင့် နာမည်ကြီးတဲ့ Allen ဟာ IQ Level ရလာဒ် 170 ရရှိထားသူ ဖြစ်ပါတယ်။


7. Judit Polgar
၁၉၇၆ ခုဖွား ဟန်ဂေရီယမ် နိုင်ငံသူဖြစ်တဲ့ Judit Polgar ဟာ စစ်တုရင်လောကမှာတော့ မသိသူ မရှိသလောက်ပါပဲ။ စစ်တုရင် သမိုင်းမှာလည်း အခက်ခဲဆုံး၊ အတော်ဆုံး ပြိုင်ဘက်တစ်ယောက်အဖြစ် အားလုံးက လက်ခံထားကြသူလည်း ဖြစ်ပါတယ်။ အသက် ၁၅ နှစ်မှာ Grandmaster ဆုကို ရရှိခဲ့သလို ဦးနှောက်ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ IQ Level မှာလည်း 170 မှတ် ရရှိထားသူလေး ဖြစ်ပါတယ်။ အဖေဖြစ်သူရဲ့ စည်းစနစ်ကျတဲ့ သွန်သင်မှုတွေကြောင့် ယခုလို စစ်တုရင်ဘုရင်မ ဖြစ်လာရတဲ့
Polgar ဟာ ကမ္ဘာ့စစ်တုရင် ချန်ပီယံများဖြစ်တဲ့ Garry Kasparov, Boris Spassky နဲ့ Anatoly Karpov တို့ကို အနိုင်ယူ ထိုးသတ်ဖူးသူလည်း ဖြစ်ပါတယ်။


6. Garry Kasparov
ကမ္ဘာတစ်ဝှမ်းက လူတွေ အံ့သြမှင်တက်သွားစေတဲ့အကြောင်းက Garry Kasparov ရဲ့ ထူးချွန်ထက်မြက် လှတဲ့ ဉာဏ်ရည်ဉာဏ်သွေးကြောင့် ဆို မမှားပါဘူး။ IQ Level 190 ရရှိထားသူ ရုရှား စစ်တုရင် သမားတစ်ယောက်၊ စာရေးဆရာနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ယောက် ဖြစ်တဲ့ Kasparov ဟာ အများတကာက သမိုင်းတစ်လျှောက် အကောင်းဆုံး ပေါ်ပေါက်လာတဲ့ စစ်တုရင်သမားတစ်ယောက် အနေဖြင့်လည်း မှတ်ယူခဲ့ထားရသူ ဖြစ်ပါတယ်။ စစ်တုရင်လောကမှ အနားမယူခင် အချိန်အထိ (၁၉၈၆ မှ ၂၀၀၅) နံပါတ် ၁ အဖြစ် ရရှိထားသူလည်း ဖြစ်ပါတယ်။ ၁၉၈၅ ခု အသက် ၂၈ နှစ်အရွယ်ပဲ ရှိသေးတဲ့အချိန်မှာတောင် ကမ္ဘာ့စစ်တုရင် ချန်ပီယံ Anatoly Karpov ကို အလဲထိုး အနိုင်ယူခဲ့သူြ ဖစ်ပါတယ်။


5. Rick Rosner
CHiPs လို့ခေါ်တဲ့ တယ်လီဗေးရှင်း Show ပွဲတစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့တဲ့ အမေရိကန် ရုပ်သံ ထုတ်လုပ်သူ Richard Rosner ရဲ့ IQ Level ဟာ 192 ရှိပါတယ်။ ဒါဟာ လက်ဆောင်တစ်ခု ဆိုရင်တော့ လည်း မမှားပါဘူး။ Rosner ဟာ နောက်ပိုင်းမှာ DirecTV နဲ့ ပူးပေါင်းပြီး ရွေ့လျားဂြိုဟ်တုရုပ်သံ အစီအစဉ် တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။


4. Kim Ung-Yong
ထူးထူးခြားခြား အာရှနိုင်ငံများထဲမှ IQ Level 210 ရရှိသူ တောင်ကိုရီးယားနိုင်ငံသား ဖြစ်သူ Kim Ung-Yong ဟာ  ကမ္ဘာ့ဉာဏ်အကောင်းဆုံး ၁၀ ယောက်ထဲမှာ နံပါတ် ၄ ကို ရရှိနေသူတစ်ယောက် ဖြစ်ပြီး မြို့ပြအင်ဂျင်နီယာတစ်ယောက် အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ မွေးဖွားပြီး ၆ လ အရွယ်ကတည်းက မိခင် ကိုရီးယားဘာသာစကားကို  နားလည်ပြောဆိုနိုင်သူတစ်ယောက် ဖြစ်တာကြောင့် ထူးချွန်လှသည့် ပါရမီရှင်ကလေးအဖြစ် အများက သတ်မှတ်ထားသည့် Kim သည် နားလည်ရခက်ခဲသည့် Calculus ပုစ္ဆာများကို ဖြေရှင်းရာတွင် နာမည်ကြီးပြီး ဂရင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်း တွင်လည်း မှတ်တမ်းဝင်သူတစ်ယောက် ဖြစ်ပါတယ်။


3. Christopher Hirata
IQ Level 225 ရရှိထားတဲ့ Hirata ဟာ ကလေးဘ၀တည်းက ကျော်ကြားလှသူ တစ်ဦး ဖြစ်ပါတယ်။ အသက် ၁၆ နှစ်မှာ NASA ၏ Mars ဂြိုဟ်သို့ စူးစမ်းရှာဖွေခြင်းကိစ္စများတွင် ပါဝင်လုပ်ကိုင်ခဲ့ပြီး အသက် ၂၂ အရွယ်ကတည်းက Princeton တက္ကသိုလ်မှ ချီးမြှင့်သော Ph.D ဘွဲ့ကို ရရှိထားသူလည်း ဖြစ်ပါတယ်။ CIT ကယ်လီဖိုးနီးယား နည်းပညာအင်စတီကျုတစ်ခုတွင် ကြယ်၊ ဂြိုဟ်တို့၏ ရူပ၊ ဓာတု၊ နှင့် နက္ခတ်တာရာတို့၏ ပြောင်းလဲခြင်းသဘောတရား (ရူပနက္ခတဗေဒ) ပညာရပ်ကို သင်ကြားပေးနေသူလည်း ဖြစ်သည်။


2. Marilyn vos Savant
1986 ခုနှစ်တုန်းက "Marilyn ကို မေးပါ" လို့ ခေါ်တဲ့ အစီအစဉ်တစ်ခု အမေရိကန် မဂ္ဂဇင်းတစ်ခုရဲ့ တနင်္ဂနွေနေ့ ကော်လံမှာ ပါဝင်ခဲ့ဖူးပါတယ်။ ၎င်း ကဏ္ဍပါ မြောက်များလှစွာသော မေးခွန်းများနှင့် အခက်အခဲများကို တက်တက်ကြွကြွ ရှုထောင့်စုံကနေ ဖော်ပြခဲ့သူကတော့ ကမ္ဘာ့ဉာဏ်အကောင်းဆုံး နံပါတ် ၂ စာရင်းဝင် Marilyn vos Savant ပဲ ဖြစ်ပါတယ်။ သူမရဲ့ IQ level ဟာ 228 ဖြစ်ပြီး သူမသည် အမေရိကန် မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင်၊ စာရေးဆရာနှင့် သင်တန်းပို့ချသူတစ်ယောက်လည်း ဖြစ်ပါတယ်။


1. Terence Tao
သြစတြေးလျ သင်္ချာပညာရှင် Terence Tao ဟာ လိုက်လျောညီထွေ ခွဲခြမ်းစိတ်ဖြာမှု၊ ဆိုင်ရာ ကွဲပြားမှု ညီမျှခြင်း၊ combinatorics များပေါင်းစည်းခြင်း၊ Ramsey ၏ ergodic theory, ကျပန်းမက်ထရစ် သီအိုရီနှင့် အခြားသော ကိန်းဂဏန်း ခွဲခြမ်းစိတ်ဖြာမှု သိအိုရီများကို ရှင်းလင်းပြောဆိုနိုင်သူတစ်ဦးလည်း ဖြစ်ပါသည်။ အများတကာ ထင်မှတ်မထားသည့် IQ Level 230 ရရှိထားသူ ဖြစ်ပါတယ်။ ကလေးဘ၀ကတည်းက လူပေါင်းများစွာကို အံ့သြမှင်တက်စေသူ ဖြစ်တဲ့ Tao ဟာ ၂၀၀၃ ခုနှစ်မှာ Clay research ဆု၊ ၂၀၀၂ တွင် the Bocher Memorial ဆုနှင့် ၂၀၀၀ ခုတို့တွင် Salem ဆုတို့ကို ရရှိခဲ့သူလည်း ဖြစ်သည်။ ထို့ပြင် UCLA ၏ အသက်ငယ်ဆုံးသော ပါမောက္ခလည်း ဖြစ်သည်။

Ref : wonderlist

Download Wun Zinn

0 comments:

Post a Comment