Wednesday, October 7, 2015

အက္ခရာစလုံးကို သုံးဖို့ ဘယ်သူ စတွေးခဲ့ပါလိမ့်။

အက္ခရာစာလုံးတွေ မပေါ်ပေါက်ခင်က လူတွေဟာ သူတို့စိတ်ကူးတွေကို ရုပ်ပုံတွေနဲ့ ဖော်ပြဆက်သွယ်ပြီး နားလည်မှု ဖလှယ်ခဲ့ကြပါတယ်။ ရှေးဟောင်း တရုတ်၊ အီဂျစ်နဲ့ ဘေဘီလုံကလူတွေဟာ အရုပ်စာကို ကျွမ်းကျင်မြင့်မားစွာ အသုံးပြုရေးသား နိုင်ကြသူတွေဖြစ်ပါတယ်။ အရုပ်စာရေးသားတဲ့ကာလ ကြာရှည်လာတဲ့အခါမှာတော့ စိတ်ကူးတွေ ပိုပြီးကွန့်မြူးလာနိုင်ကြတယ်။ များစွာသော သင်္ကေတလေးတွေကို အသုံးပြု ရေးသားလာကြတယ်။ ယခု အက္ခရာစာလုံးတွေနဲ့ ရေးထားတဲ့စာတွေအဖြစ် ရောက်ရှိလာစေမယ့် အရုပ်စာမှာ အရုပ်တွေကို သင်္ကေတအဖြစ် ဆန်းသစ်သုံးစွဲလာသူတွေကတော့ အီဂျစ်လူမျိုးတွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မြေထဲပင်လယ်အရှေ့ပိုင်းက လူတွေဟာ အသံထွက်အက္ခရာလေးတွေကို အသုံးပြုလာနိုင်ကြတယ်။ ပြီးတော့ အက္ခရာလေးတွေအဖြစ် ပီပီပြင်ပြင် ဖြစ်လာကြတယ်။

ခေတ်အဆက်ဆက် ပြောင်းလဲမွန်းမံပြင်ဆင်ပြီးမှ ဥရောပကို ရောက်ရှိလာတာဖြစ်ပါတယ်။ အဲဒီ အက္ခရာတွေကတော့ ယနေ့ စာပေအသီးသီးရဲ့ မြစ်ဖျားခံရာ လက်တင်အက္ခရာများပဲ ဖြစ်ပါတယ်။

Download Wun Zinn

0 comments:

Post a Comment