Wednesday, October 7, 2015

သိန်းငှက်တစ်ကောင်လို

သိန်းငှက်တွေဟာ မုန်တိုင်းကို အချိန်အတော်ကြာကတည်းက ကြိုတင်ခံစားနိုင်ကြတယ်ဆိုတာ သင် သိပါသလား။ သိန်းငှက်ဟာလည်း အခြားငှက်များနည်းတူ မုန်တိုင်းရဲ့ ဒဏ်ကို ခံရတာပါပဲ။ ဒါပေမဲ့ တခြားငှက်တွေနဲ့ မတူတာက မုန်တိုင်းလာတဲ့အခါ သူ တက်နိုင်လောက်တဲ့ အမြင့်အထိတက်သွားပြီး မုန်တိုင်းကို ရင်ဆိုင်ဖို့ သူ့အတောင်ပံကို ဖြန့်ကားပေးလိုက်တာပါပဲ။

မုန်တိုင်းနဲ့အတူ ပါလာတဲ့လေပြင်းတွေက သူ့ကို ရိုက်ခတ်ကြတယ်။ လေပြင်းတွေရဲ့ ရိုက်ခတ်မှုကို ကြံ့ကြံ့ခံရင်း သူ အတောင်ပံ့ကို ပင့်တင်ထားတယ်။ နောက်ဆုံး လေပြင်းတွေဟာ အတောင်ပံကို ပင့်တင်သလိုဖြစ်ပြီး မုန်တိုင်း စက်ကွင်းအပေါ်ကို ရောက်ရှိသွားတယ်။ အတောင်ပံကို ဖြန့်ကားပြီး လေပြင်းမုန်တိုင်းရဲ့ အပေါ်မှာ လေဟုန်စီးနိုင်အောင် ကြိုးစားကြတယ်။ ဒီနည်းနဲ့ သိန်းငှက်တိုင်းဟာ မုန်တိုင်းတိုက်ခတ်တိုင်းမှာ အသက်ရှင်ကျန်ရစ်အောင် ကြိုးစားခဲ့ကြတယ်။

တကယ်တော့ မုန်တိုင်းရဲ့ အန္တရာယ်ကနေ သိန်းငှက်တွေလည်း မလွတ်ပါဘူး။ မုန်တိုင်းတိုက်ခတ်ချိန်မှာ သူ့ရဲ့အတောင်ပံကို အစွမ်းကုန် ဖြန့်ကားရင်း မုန်တိုင်းရဲ့ ဘေးကင်းရာကို ကြိုးစားလေဟုန်စီးလို့
အသက်ချမ်းသာရာ ရသွားတာပါ။

ဘ၀မုန်တိုင်းတွေဖြစ်တဲ့ ကျရှုံးမှုတွေ၊ အဆင်မပြေမှုတွေ၊ ၀မ်းနည်းကြေကွဲမှုတွေ ကျွန်တော်တို့အပေါ် တိုက်ခတ်လာတဲ့အခါ သိန်းငှက်တွေလိုပဲ ကျွန်တော်တို့ဟာ မုန်တိုင်းရဲ့အပေါ်၊ မုန်တိုင်းလွတ်ရာကို ရှောင်တိမ်းရင်း လေဟုန်စီးနိုင်ဖို့ လိုအပ်သလို အခက်အခဲတွေကို အသုံးပြုပြီး အောင်မြင်မှုလမ်းကြောင်းကို ရှာဖွေတတ်ဖို့ လိုအပ်ပါတယ်။

ဒီတော့ အခု ရင်ဆိုင်နေရတဲ့ အခက်အခဲက ဘာလဲ၊ ဒီအခက်အခဲနဲ့အတူ မျောလင့်သွားမလား၊ ဒါမှမဟုတ် သိန်းငှက်တွေလို မုန်တိုင်းကြားမှာ လေဟုန်စီးနိုင်အောင် ကြိုးစားသွားမလားဆိုတာ...

Download Wun Zinn

0 comments:

Post a Comment