Monday, November 2, 2015

လက်သည်း ခြေသည်းတွေကို ဘာက ဖန်တီးထားသလဲ။


နာ့ဗ်ကြောပေါင်းများစွာ အဆုံးသတ်ရာနေရာ လက်ချောင်း၊ ခြေချောင်းလေးတွေရဲ့ အဆုံးပိုင်း ထိပ်ဖျားမှာ မာကျောချွန်ထွက်နေတဲ့ ဒိုင်းတွေဟာ လက်သည်း၊ ခြေသည်းတွေပဲ ဖြစ်ပါတယ်။ သူတို့ကို အရေပြားထဲက ဆဲလ်သေတွေက ဖန်တီး ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ သူတို့တွေဟာ တစ်လကို အကြမ်းဖျင်း ၃ မီလီမီတာရှည်ထွက်လာတယ်။ တစ်နှစ်ကို ၃.၅ စင်တီမီတာ ရှည်ထွက်လာတယ်။ အချိန်နဲ့အမျှ ရှည်ထွက်လာကြတဲ့ လက်သည်း၊ ခြေသည်းတွေရဲ့ အပေါ်ပိုင်းဟာ ပျော့လာတယ်။ ကွဲလွယ် ကျိုးပဲ့လွယ်တယ်။ အဲဒီ လက်သည်းကို ညှပ်မပစ်ဘူးဆိုရင် အလွန့်အလွန်တော့ ရှည်ထွက်လာမှာ မဟုတ်ဘူး။ ထပ်ထွက်လာမယ့် လက်သည်းခြေသည်းအသစ်ကလေးတွေဟာ အရေပြားအောက်မှာ အမြစ်တွယ်နေကြတယ်။ လက်သည်း၊ ခြေသည်းသစ်တွေကလက်သည်း ခြေသည်းဟောင်းတွေကို တွန်းပြီး တိုးထွက်လာကြတယ်။ ရှည်ထွက်လာတဲ့ လက်သည်းကို ညှပ်ပစ်ရင် မနာကျင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အထဲက ဆဲလ်တွေက ဆဲလ်သေတွေ ဖြစ်လို့ပါပဲ။

Download Wun Zinn

0 comments:

Post a Comment