Sunday, August 9, 2015

မြန်မာပစ်ဂမီ လူမျိုးများ

မြန်မာနိုင်ငံတွင်လည်း ကမ္ဘာကျော် ပစ်ဂမီ လူပုမျိုးများကဲ့သို့ မြန်မာပြည်တွင်လည်း မြန်မာပစ်ဂမီများ ရှိပေသည်။

ကချင်တို့ဌာနေ၏ မြောက်ဖျားအစွန် ရေခဲတောင်တန်းတွင် တိဗက် လူမျိုးတို့ နေထိုင်ကြ၍ မြန်မာပြည်မြောက်ပိုင်း ဟိမ၀န္တာတောင်ကုန်း၊ ရေခဲ တောင်ကုန်း အောက်ခြေ တောင်ကုန်း၊ တောင်စောင်းတချို့တွင် 'ထရုံ' ခေါ် မြန်မာပစ်ဂမီ လူပုကလေးများ နေထိုင်ကြလေသည်။

ထိုထရုံလူမျိုးများကို မြန်မာနိုင်ငံ၏ ပစ်ဂမီလူမျိုးများဟု ခေါ်ဆိုနိုင်လေသည်။

ထရုံလူမျိုးတို့သည် ထရုံမြစ်ဝှမ်းအထက်ပိုင်းနှင့် မေခမြစ်ဖျား အဒွန်မြစ်ဝှမ်းဒေသ ရွာတချို့တွင် နေထိုင်ကြသည်။ တရုတ်ကချင်ပိုင် ထရုံမြစ်ဝှမ်း အထက်ပိုင်းတွင် နေထိုင်ရာမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ မှ ၂၀၀ အတွင်းခန့်က တစ်စတစ်စ ၀င်ရောက်လာခဲ့ကြပုံပေါ်သည်ဟု ဆိုရိုးရှိကြသည်။

၁၈၈၀ ခုနှစ်တွင် တိဗက်မှ တရုတ်သို့ ကူးပြောင်း ၀င်ရောက်လာသူ တရုတ် အခေါ် ထရန် (Derung) ဟုဆိုသည့် တရုတ်လူမျိုးစုများမှ ဆင်းသက်လာကြ သည်ဟု ယုံကြည်ရသည့် ထရုံလူမျိုးတို့သည် "အာရှပစ်ဂမီ" များဟု ကမ္ဘာက အသိအမှတ်ပြုကြပြီး ယခုအခါ မြန်မာပစ်ဂမီ လူမျိုးစုဦးရေသည် အန္တရာယ်ရှိစွာ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီလည်း ဖြစ်သည်။

အာဖရိကအလယ်ပိုင်းရှိ ပစ်ဂမီလူမျိုးများကဲ့သို့ပင် မြန်မာပစ်ဂမီများ၏ အရွယ်အစားမှာ လွန်စွာသေးငယ်လှပေသည်။ အရွယ်ရောက်ပြီး မြန်မာပစ်ဂမီလူမျိုးများ၏ အရပ်မှာ ၄ ပေနှင့် ၃ လက်မခန့်သာ ရှိပေသည်။

Ref : မောင်ပုဆိုးကြမ်း ၏ "တိုင်းရင်းသားလူမျိုးများ အဘိဓာန်" , wiki

Photo by Steee Winter/National Geographic, original uploader

Download Wun Zinn

0 comments:

Post a Comment