Thursday, August 6, 2015

ပစ်ဂမီ(Pygmies) လူမျိုးတွေ ဘယ်မှာနေကြသလဲ။


ပစ်ဂမီတို့သည် လူကောင်သေးသေးကလေးများ ဖြစ်သည်။ ရှေးရိုး ထုံးစံဓလေ့အတိုင်း နေထိုင်လျက် ရှိကြသူများ ဖြစ်သည်။

ပစ်ဂမီအုပ်စုများသည် ဝေးလံခေါင်ပါးသော အာဖရိကတိုက်ဒေသများ၊ အိန္ဒိယသမုဒ္ဒရာအတွင်း အန်ဒမန်ကျွန်းစုများ၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် နေထိုင်ကြသည်။ လူဦးရေမှာ နည်းပါးလှပြီး ဆက်လက်၍လည်း ကျဆင်းလျက်ရှိကြသည်။

လူသိအများဆုံး ပစ်ဂမီလူမျိုးစုမှာ နီဂရီလို Negrillos များ ဖြစ်ကြသည်။ အာဖရိကတိုက် အလယ်ပိုင်းတွင် နေထိုင်သည်။ အရွယ်ရောက်ပြီး နီဂရီလို လူကြီးတစ်ယောက်၏ အရပ်အမြင့်သည် သာမန်အရွယ် ၁၀ နှစ်သား ကလေးငယ်တစ်ယောက်၏ အမြင့်နှင့် တူညီမှုရှိသည်။

Credit: People & Places By Maung Kyi Thant

Download Wun Zinn

0 comments:

Post a Comment