Sunday, August 9, 2015

ပထမဆုံး စွယ်စုံကျမ်းကို ဘယ်သူရေးခဲ့သလဲ။

စွယ်စုံကျမ်းဆိုတာ အားလုံးသော ဘာသာရပ်တွေကို ဖော်ပြရှင်းလင်းထားတဲ့ စာအုပ်အစုအဝေးတစ်ခု ဖြစ်ပါတယ်။ အက္ခရာအစဉ်လိုက် အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။

အေဒီ ၁ ရာစုတုန်းက ဖလင်းနီဆိုသူ ရောမမြို့သားတစ်ဦး ရေးသားခဲ့တဲ့ သက်တမ်းအရင့်ဆုံး စွယ်စုံကျမ်းကြီးဟာ ယခုတိုင် ရှိနေဆဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကြီးကို သဘာဝသမိုင်း စာအုပ်ကြီးလို့ ခေါ်ဝေါ်ကြတယ်။

အတွဲပေါင်း ၃၇ တွဲ ပါဝင်ပြီး ဆောင်းပါးပေါင်း နှစ်သောင်းကျော် ပါဝင် ပါတယ်။ အတွဲပေါင်း ၅၀၂၀ ပါဝင်တဲ့ အကြီးမားဆုံး စွယ်စုံကျမ်းကြီးကတော့ တတိယအကြိမ် ပြုစုထားတဲ့ တရုတ်စွယ်စုံကျမ်းကြီးပဲ ဖြစ်ပါတယ်။

အက္ခရာစဉ်လိုက် ဘာသာရပ်များကို စီစဉ်ဖော်ပြထားတဲ့ စွယ်စုံကျမ်းကို ၁၇၀၄ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အင်္ဂလိပ်ဓမ္မဆရာတစ်ဦးဖြစ်တဲ့ ဂျွန်ဟာရစ်လည်း ရေးသားခဲ့ပါတယ်။ စွယ်စုံကျမ်းနာမည်က တစ်လောကလုံးဆိုင်ရာ ၀ိဇ္ဇာနဲ့သိပ္ပံ အင်္ဂလိပ်အဘိဓာန် ဖြစ်ပါတယ်။

Credit : Inventions by Khing Maung Zaw

Download Wun Zinn

0 comments:

Post a Comment