Tuesday, July 7, 2015

ဆင်ဖျံ


ဆင်ဖျံမျိုး နှစ်မျိုးရှိတယ်။ ဖျံတွေထဲမှာ အကြီးဆုံးဖျံတွေပေါ့။ ခုနစ်မီတာ ရှည်လျားတယ်။ အဖိုတွေဟာ အကြမ်းဖျင်း သုံးတန်ခွဲတောင် အလေးချိန် စီးတယ်။ ကမ္ဘာ့မြောက်ဖျားက ဆင်ဖျံမျိုးမှာ နှာခေါင်းကြီးတစ်ခု ရှိတယ်။ အဲဒီ နှာခေါင်းနဲ့ သူ့ပြိုင်ဖက်ကို ဖိထောင်းနိုင်တယ်။ ၁၀ စင်တီမီတာထူတဲ့ သူ့ဇက်ပိုးကို အားပြုပြီး လှိမ့်နိုင်တယ်။ အရွယ်ပမာဏမှာ အလျား ၇ မီတာ၊ အလေးချိန် ၃၅၀၀ ကီလိုဂရမ်မျှ ရှိပါတယ်။

အမတွေ လာရောက် ပေါက်ပွားကြမယ့် ကမ်းခြေနယ်မြေအတွက် အဖိုချင်း နယ်မြေလုပွဲတွေ ဆင်နွှဲ တိုက်ခိုက်တတ်တယ်။ သူတို့ရဲ့ ကြီးမားတဲ့ သားရေတွေ၊ အသားတွေနဲ့ ဖျံသိုတွေအတွက် သတ်ဖြတ်ခြင်း ခံနေကြရတယ်။

အခုတော့ ဆင်ဖျံတွေကို အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ကာကွယ် တားဆီးပေးထားပါတယ်။ သူတို့က ပင်လယ်ငှက်တွေ၊ ဖျံငယ်တွေကို စားသုံးကြတယ်။ အမက ၁၁ လ ကိုယ်ဝန်ဆောင်ပြီး ဆင်ဖျံပေါက် ကလေးတစ်ကောင် ဖွားမြင်ပေးပါတယ်။ သူတို့အရောင်က မီးခိုးရောင်၊ အညိုရောင်ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အနက်ပြောက်ကလေးတွေ ရှိကြတယ်။

Credit : Animals by Khin Maung Zaw

Download Wun Zinn

0 comments:

Post a Comment