Friday, July 3, 2015

ခင်မင်မှုတွေ ပြတ်စဲရခြင်း အကြောင်း


(၁) ဟန်ပန်အမူအရာကြောင့် ပျက်ရတယ်။
ရိုးသားတဲ့ ခင်မင်မှုတိုင်းမှာ ပွင့်လင်းတဲ့ ဆက်ဆံရေးဆိုတာ ရှိစမြဲပါ။ သူငယ်ချင်းတွေကြား၊ ခင်မင်သူတွေကြားမှာ ဟန်ဆောင်မှုဆိုတာ လုံးဝ မရှိသင့်တဲ့အရာပါ။ကိုယ့်မှာရှိတဲ့အရာတွေကို ချမပြဘဲ ဟန်ဆောင်မှု မျက်နှာဖုံးတပ်ထားလို့ တစ်ယောက်နဲ့ တစ်ယောက်ကြား ခင်မင်မှုတွေ ပျက်တတ်ကြတယ်။

(၂) အပြုအမူကြောင့် ပျက်ရတယ်။
ကိုယ့်ရဲ့ အနေအထိုင် အပြောအဆို၊ အပြုအမူတိုင်းဟာ ပေါင်းသင်းဆက်ဆံရေးမှာ ခရာကျတဲ့ အရာဖြစ်ပါတယ်။ ကိုယ့်ရဲ့ အပြော၊ အလုပ်မှန်သမျှဟာ တစ်ဖက်လူနဲ့ မကိုက်ညီတဲ့အခါ၊ ရိုင်းစိုင်းသလို၊ ကိုယ်ချင်းမစာသလို ဖြစ်တဲ့အခါ ခင်မင်မှုတွေ ပျက်တတ်ကြပါတယ်။

(၃) အတ္တကြောင့် ပျက်ရတယ်။
လူတိုင်းမှာ အတ္တရှိပါတယ် ဒါပေမဲ့ အတ္တဆိုတာ အမြဲလိုလို ရှေ့တန်းတင်လို့ မကောင်းပါဘူး။ အထူးသဖြင့် ခင်မင်ရာ သူငယ်ချင်းများရှေ့မှာပါ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားမလည်တဲ့အခါ၊ ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်အတ္တတွေကိုသာ ရှေ့တန်းတင်တဲ့အခါ ခင်မင်မှုတွေ ပျက်ရပါတယ်။

(၄) ပညာမဲ့ခြင်းကြောင့် ပျက်ရတယ်။
တက္ကသိုလ်ဝင်တန်းမှာ သင်ခဲ့ရတဲ့ ရှင်မဟာရဋ္ဌသာရ ရေးသားခဲ့တဲ့ "၀ိဇ္ဇာသိပ္ပံ လူ့ကိစ္စ" ကဗျာလေးထဲကလို အတတ်ပညာ၊ အသိပညာ မရှိဘဲ အများအလည်မှာ ၀င်ရောက်ပြောဆို ဆွေးနွေးတဲ့အခါ 'မပြေမပျစ်၊ ကျစ်လျစ်မရှိ၊ ဟုတ်လိနိုးနိုး၊ ဆင်ကန်းတိုးသို့' ဆိုတဲ့အတိုင်းကြောင့် ခင်မင်မှုတွေ ပျက်ရသလို မတတ်ဘဲနှင့် တတ်ယောင်ကား ဟန်ဆောင်ခြင်းကြောင့်လည်း ခင်မင်မှုတွေ ပျက်ရတယ်။

(၅) အကျိုးကို လိုလားခြင်းကြောင့် ပျက်ရတယ်။
ဒီနေရာမှာ အကျိုးလိုလားခြင်းဆိုတာ ဒီလူနဲ့ ပေါင်းရင် ငါ ဒါရမယ် ဆိုတဲ့ စိတ်မျိုးကို ဆိုလိုတာပါ။ မျှော်လင့်ချက်ဆိုတာ လူတိုင်းမှာ ရှိသင့်ပေမဲ့ ခင်မင်မှုတွေဆီက မျှော်လင့်ချက်မျိုးကိုတော့ တတ်နိုင်သမျှ ရှောင်ကြည်သင့်ပါတယ်။ ဒီလို အကျိုးတွေကို လိုလားခဲ့မယ်ဆိုရင် သူငယ်ချင်းတွေကြားမှာ သင်ဟာ အကူအညီတောင်းလွန်းလို့ ဒုက္ခသည်တစ်ယောက်လို ဖြစ်လာပြီး အများတကာရဲ့ ရှောင်ကြည်ခြင်းကို ခံလာရပါလိမ့်မည်။

Download Wun Zinn

0 comments:

Post a Comment