Tuesday, July 7, 2015

မျက်မှန်ကို ဘယ်သူ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သလည်း


၁၀ ရာစုအတွင်းက အာရပ်သိပ္ပံပညာရှင် အောလိဟက်ဇင်ဟာ မှန်ဘီလူးရဲ့ ပုံရိပ်ထင်စေတဲ့ အကြောင်းကို သတိပြုမိတယ်။ အရာဝတ္ထုတွေကို အလွန်ထင်ရှားအောင် မြင်တွေ့စေဖို့ တောက်ပလင်းလက်တဲ့ မှန်တွေကို အသုံးပြုနိုင်တယ်ဆိုတဲ့အချက်ကို လေ့လာစူးစမ်းနေခဲ့တယ်။

အဲဒီ စိတ်ကူး အတွေးကနေမျက်မှန်ထွင်ဖို့ စိတ်ကူးတွေ တိုးတက်ဖွံ့ဖြိုးလာခဲ့ပါတယ်။ မှန်ဘီလူးကို မျက်မှန်လုပ် တပ်သင့်တယ်ဆိုတာကို လူတွေ နားလည်သိရှိဖို့ အချိန်အတော်ယူခဲ့ရပါတယ်။

၁၂၈၅ ခုနှစ်ခန့်က အီတလီနိုင်ငံမှာ မျက်မှန်တွေကို ပထမဆုံး စတင် တပ်ခဲ့ကြပါတယ်။ အနီးရှိ အရာဝတ္ထုများကိုသဲသဲကွဲကွဲ မမြင်နိုင်သူတွေ (အနီးမှုန်သူတွေ) ဟာ မျက်မှန် တပ်ကြည့်လိုက်တော့ အဆင်ပြေသွားတယ်။ေ၀၀ါးနေတဲ့ မြင်ကွင်းတွေကို ပထမဆုံးအကြိမ် မြင်နိုင်လာကြတယ်။

Credit : Inventions by Khin Maung Zaw

Download Wun Zinn

0 comments:

Post a Comment