Wednesday, June 10, 2015

ကမ္ဘာပေါ်က သက်တမ်းအရင့်ဆုံး မြို့


အရှေ့အလယ်ပိုင်း ဒေသတွင် တည်ဆောက်ထားပြီး သမ္မာကျမ်းစာထဲ၌ပင် အုတ်တံတိုင်း ခိုင်ခိုင်မာမာနှင့် လှပသော မြို့တစ်မြို့အဖြစ် မှတ်တမ်း တင်ထားသည့် ဂျယ်ရီခိုမြို့ (Jericho) သည် ကမ္ဘာပေါ်တွင် သက်တမ်း အရင့်ဆုံး မြို့ဖြစ်သည်။ ဂျယ်ရီခိုမြို့ကို ခရစ်မပေါ်မီ ၇၈၀၀ ခုနှစ် ၀န်းကျင်အတွင်း တည်ဆောက်ခဲ့သည်။ အကြိမ်ကြိမ် ဖျက်ဆီးခံခဲ့ရသည်။ အကြိမ်ကြိမ်ပြန်လည် တည်ဆောက်ခဲ့ရသည်။

ဂျယ်ရီခိုမြို့ရှိ နာမည်ကျော်တံတိုင်းကြီးသည် ထိပ်ပိုင်းတွင် တစ်မီတာခွဲ ထူသည်။ သမ္မာကျမ်းစာ အဆိုအရ ဘုရားသခင်သည် ဂျယ်ရီခိုမြို့သားများ မကောင်းမှု ဒုစရိုက်ရှောင်ကြရန် ယောရှု Joshua အား ပြောခိုင်းသည်။ ယောရှုသည် မိမိ၏ တံပိုးကို မှုတ်လိုက်သည်။ ထုထည်ကြီးမားလှသော  အုတ်တံတိုင်းကြီးသည် ရုတ်တရက် ပြိုကျသွားပြီး ယောရှုသည် ဂျယ်ရီခိုမြို့ကို သိမ်းပိုက်ရရှိသွားလေသည်ဟု ဆိုသည်။

Credit : People & Places by SarpayLawKa

Download Wun Zinn

0 comments:

Post a Comment