Thursday, June 11, 2015

နို့သောက်ပါ။


သမ္မတကြီးက ပြောသည်။ နွားနို့သောက်ပါတဲ့။ ဒီတော့ နွားနို့မှာ (နို့မှာ) လူအတွက် အကျိုးပြု မည်သည့်ဓာတ်တွေ ပါဝင်သလဲဆိုတာ လေ့လာကြည့်ရအောင်။

နို့မှာ ရသာရည်၊ သွေးစတဲ့ ဓာတ်များ ပွားများလာစေရန်၊ ကုန်ခမ်းသွားသည်ကို ပြန်လည်ပြည့်စေနိုင်သော ပရိုတိန်းဓာတ်များလည်း ပါဝင်ပါတယ်။ အခြားဓာတ်များအနေနဲ့ သကြား၊ ထုံးဓာတ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ သံ၊ ကန့်၊ ဖော့စ်ဖိုးရပ်စ်၊ အိုင်အိုဒင်း စတဲ့ ခန္ဓာကိုယ်အကျိုးပြု တွင်းထွက်ဓာတ်များလည်း ပါရှိသလို အသက်ကို အကျိုးပြုစေတဲ့ ဗီတာမင် အေ၊ ဒီ၊ အီးတို့လည်း ပါဝင်ပါသေးသလို အရိုးအဆစ်တွေကို သန်မာစေတဲ့ ကယ်လ်ဆီယမ်ဓာတ်တို့လည်း ပါဝင်ပါသေးတယ်။
နို့အစိမ်းနဲ့ မျက်နှာပြင်ကို ပွတ်သပ်ခြင်း၊ မျက်နှာသစ်ခြင်းများ ပြုလုပ်ပေးရင် မျက်နှာပြင် အရေပြား တင်းမာမှု၊ ဆဲလ်သေများကို ပြန်လည်ရှင်သန်မှု စတဲ့ အကျိုးကျေးဇူးများ ရရှိစေပါတယ်။

ရှေးခတ်အီဂျစ်ပြည်မှ အမျိုးသမီးများဟာ နို့ရည်မှာ တစ်ကိုယ်လုံး စိမ်ပေးလေ့ရှိခြင်းဖြင့် အသားအရေ ချောမွေ့လှပအောင် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပျားရည်စစ်စစ်နဲ့ နို့အပေါ်ယံ အရည်ကိုရောပြီး မျက်နှာပေါင်းတင်နိုင်တာကြောင့် မိန်းမသားများအတွက် မျက်နှာပြင် နုပျိုခြင်းကို နို့ရည်က အများဆုံးအကျိုးပြုပေးစေပါတယ်။
မကျိုရသေးသော နို့ရည်ဟာ အဆီကိုတိုးပွားစေတယ်။ ခွန်အားကို ဖြစ်စေတယ်။ ကုန်ခမ်းသွားသော အားအင်ကို လျှင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် အိမ်ထောင်ရှင် အမျိုးသမီး၊ အမျိုးသားလည်း သောက်သုံးသင့်ပါတယ်။
သတိပြုရမှာ တစ်ချက်အနေနဲ့ကတော့ နို့ရည်ကို အချိန်ကြာမြင့်စွာ ကျိုချက်ခြင်းက နို့တွင်ပါဝင်သည့် ဗီတာမင်ဓာတ်များကို ပျက်စီးစေတတ်သလို ကျိုချက်ပြီးနို့ရည်သည် ၈ နာရီအတွင်း သောက်သုံးသင့်ပါတယ်။

FACES Magazne , 2015 Feb မှ ဆောင်းပါးရှင် ဖောင်းဖောင်း၏ 'သမ္မတကြီးက နို့သောက်တဲ့' ကို ပြန်လည်ကူးယူဖော်ပြပါသည်။

Download Wun Zinn

0 comments:

Post a Comment