သွားတွေမှာ ရန်သူတွေ များပြားလှပါတယ်။ သကြားလို အစားအစာတွေကို စားသုံးကြတဲ့အခါမှာ ဗက်တီးရီးယားတွေ ဖြစ်လာပြီး အက်ဆစ်တွေအဖြစ် ပြောင်းလဲသွားတယ်။ အဲဒီ အက်ဆစ်တွေက ကြွေသားတွေကို တစ်စတစ်စ ဖျက်ဆီးပစ်တယ်။ ပြီးတော့ ကြွေသားအကာကို ဖြတ်သွားပြီး ပျော့ဖတ် အခေါင်းထဲ ရောက်သွားတယ်။ ပျော့ဖတ်အခေါင်းထဲမှာ နာ့ဗ်ကြောတွေ သွေးကြောတွေ မြောက်မြားစွာ အဆုံးသတ်ပြီး ရှိနေကြတယ်။
ဗက်တီးရီးယားတွေဟာ အဲဒီ ပျော့ဖတ်အခေါင်းထဲကို တိုက်ခိုက်ပြီးတော့ ရောက်ရှိလာကြတယ်။ အဲဒီတော့ အခေါင်းပေါက် ဖြစ်သွားတယ်။ ဒါကြောင့် အလွန်တရာ နာကျင်တဲ့ ဝေဒနာကို ဖြစ်စေတယ်။
အဲ့ဒီဝေဒနာက ကင်းဝေးစေဖို့ လိုအပ်လို့ အချိုအစားအစာတွေကို စားသုံးပြီးတဲ့နောက် သွားတွေကို စင်ကြယ်သန့်ရှင်းအောင် အမြဲဆေးကြောဖို့ အထူးအရေးကြီးပါတယ်။ ပုံမှန် ကြားကာလတွေမှာ သွားဆရာဝန်တွေနဲ့ သွားတွေကို စစ်ဆေးပေးဖို့လည်း အရေးပါတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။
သွားနာလာတဲ့အခါ
(၁) ပါးပြင်ပေါ်မှ နာကျင်သည့် နေရာတစ်ဝိုက်ကို ရေခဲထုပ်နှင့် ပွတ်သက်ပေးပါ။
(၂) လေးညှင်းကို အနာပေါ်သို့ အုံပေးပါ။
(၃) အက်စပရင်ဆေးဖြင့် ကုသပါ။
(၄) ဆားရေဖြင့် ပလုတ်ကျင်းပါ။
(၅) အရက်၊ ၀ီစကီအရည်များဖြင့် ပလုတ်ကျင်းနိုင်သည်။
(၆) အအေးခံထားသော လက်ဖက်ခြောက်အိတ်လေးကို အနာပေါ်သို့ တင်ထားနိုင်သည်။
Credit : Human Body by ခင်မောင်ဇော်

Download Wun Zinn

0 comments:
Post a Comment