ကြောင်တွေကို ဘယ်သူတွေက အစဦးဆုံး မွေးမြူခဲ့သလဲ။
ကြောင်တွေကို ပထမဆုံး မွေးမြူခဲ့တာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်လောက်က ရှေးခေတ် အီဂျစ်လူမျိုးတွေ ဖြစ်နိုင်တယိလို့ ဆိုပါတယ်။
မွေးမြူရတဲ့အကြောင်းက အခုခေတ်လိုမျိုး သိုလှောင်ထားတဲ့ အစေ့အဆန်တွေကို ဖျက်ဆီးတတ်တဲ့ ကြွက်နဲ့အခြားပိုးမွှားတိရစ္ဆာန်များရဲ့ ရန်က ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ ကြောင်ဟာ ကောင်းစွာ ကာကွယ်စောင့်ရှောက်ခံခဲ့ရပြီးနောက် အိမ်မွေးတိရစ္ဆာန် ဖြစ်လာပါတယ်။
နောက်ဆုံးမှာ အီဂျစ်ဘာသာရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ သူတို့ဟာ ကိုးကွယ်ခံခဲ့ရပါတယ်။ နောက်ဆုံး ကြောင်တစ်ကောင်ကို သတ်မိတဲ့ မည်သူမဆို သေဒဏ်ချမှတ်ခြင်း ခံရတဲ့အထိ ပြောင်းလဲလာပါတယ်။ အချို့ကြောင်များဆို ဆေးစိမ်ခံထားရတဲ့ ရုပ်အလောင်း မံမီများအဖြစ်တောင် အသွင်ပြောင်းခြင်း ခံရပါတယ်။
Credit : Nature by Khin Mg Zaw

Download Wun Zinn

0 comments:
Post a Comment