Friday, June 12, 2015

ကမ္ဘာကျော်၏တဲ့ ပင်းတယမြို့


မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်းတယမြို့သည် ကမ္ဘာကျော် လည်ပတ် စရာလေးတွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါသည်။

တည်နေရာ
--------------
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့သည် ဧရာဝတီမြစ်၏ မြစ်လက်တက်ဖြစ်သော ဇော်ဂျီမြစ်သည် တောင်မှမြောက်သို့ ဖြတ်သန်း စီးဆင်းသော မြစ်ဝှမ်းတွင် တည်ရှိပါသည်။ ပင်းတယမြို့၏ အရှေ့ဘက်ပိုင်း တွင် ကုန်းမြင့် လွင်ပြင်ကြီးဖြစ်လျက် ရှိပြီး ပေ ၃၀၀၀ ကျော် မြင့်ကာ အနောက်ပိုင်းတွင် ပေ ၅၀၀၀ ကျော် မြင့်သော တောင်တန်းကြီးရှိသည်။

ပင်းတမြို့သည် တောင်တန်းကြီး၏ ခြေရင်းတွင် တည်ရှိသောကြောင့် ရှုမျော်ခင်းများ အလွန်လှပလေသည်။ မြို့အ၀င်တွင် နာဂပတ္တန်၊ ပုတ္တလုတ်ကန်ဟု ခေါ်သော ပင်းတယကန်ကြီး ရှိသည်။ နှစ်ရာချီကျော်နေပြီဖြစ်သည့် ညောင်ကြတ်ပင်တန်း၏ အရိပ်အောက်တွင် ပင်းတယမြို့သည် တင့်တယ်စွာ ရှိသည်။

ပင်းတယ်တွင်
----------------
ရာသီအလိုက် စိုက်ပျိုးထားသည် အရောင်အသွေးစုံလင်လှသည့် သဘာဝ သီးနှံများ၊ ပန်းခင်းများ၊ လှေခါးထစ်စိုက်ပျိုးရေး စိုက်ခင်းများ၏ အလှနှင့်အတူ အေးမြ လတ်ဆတ်သည့် ရာသီဥတုလေးကလည်း သာယာလှပလေသည်။ ဓနု၊ တောင်သူ၊ တောင်ရိုး၊ ရှမ်း၊ မြန်မာ၊ အင်းသားနှင့် ပလောင်လူမျိုးတို့ နေထိုင်ပြီး အများစုမှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသဖြင့် ပင်းတယတွင် ဘုရား၊ စေတီ၊ ပုထိုး၊ ကျောင်းကန်များ ပေါများလှပေသည်။

ရွှေဥမင်ဘုရား
-------------------
ပင်းတယမြို့ အနောက်ဘက်တောင်ယွန်းယွန်း ၁ မိုင်ခန့်အကွာ တောင်စောင်းပေါ်တွင် စောင်းတန်း အသွယ်သွယ် ရွှေရောင်တ၀င်းဝင်းဖြင့် ရွှေဥမင် ဘုရား ရှိသည်။ ရွှေဥမင်ဘုရား၏ ကျောက်သား ဥမင်ကြီးအတွင်းတွင် ဘုရားဆင်းတုတော်များ လက်ညှိုးထိုးမလွဲအောင် များပြားလှသည်ကို တွေ့ရမည်ဖြစ်သည်။ ဂူဝတွင် ဉာဏ်တော်အတောင် ၅၀ ခန့်ရှိသော စေတီကြီးတစ်ဆူ ရှိသည်။ ဂူနံရံနှင့် မျက်နှာကြက်များတွင် ကျောက်သားဟူ၍ တစ်လက်မမျှ မကျန်အောင် ရုပ်ပွားတော်များ ထွင်းထုထားသည်။ ကျောက်စက်မိုးမျှော်နှင့် ကျောက်စက် ပန်းဆွဲများဖြင့် အလွန်လှပသည်။ ဂူ၏ သတ္တမအခန်းတွင် ပုဂံပေါက် ခေါ် ပုဂံပြည်သို့ တိုက်ရိုက်ပေါက်သည်ဟု ဆိုကြသော ဂူပေါက်ကျဉ်းလေးတစ်ခု ရှိသည်။

Ref : Famous Places & Monuments in Myanmar, myanmarpage.blogspot
Photo Credit : Snap Shot Journal, FDS


Download Wun Zinn

0 comments:

Post a Comment