Tuesday, June 16, 2015

နာမည်ကျော် အင်းလေးကန်ကြီး


ယခုရက်ပိုင်းတွင် ယူနက်စကိုမှ အင်းလေးကန်အား WNBR (The World Network of Biosphere Reserves) စာရင်းဝင်အဖြစ် သတ်မှတ် ပေးလိုက်ပါသည်။ ယူနက်စကိုသည် အင်းလေးကန်ကြီးအား မြန်မာနိုင်ငံမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကာ အင်းလေးကန်ကြီး အရှည်တည်တံ့ခိုင်မြဲအောင် ပြုမူလုပ်ဆောင်ပေးမှာလည်း ဖြစ်ပါတယ်။ ဒီအတွက် မြန်မာမှသာမက ကမ္ဘာမှာပါ နာမည်ကျော်လှတဲ့ အင်းလေးကန်ကြီးဆိုတာက -

အင်းလေးကန်ကြီးသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေနယ်တွင် တည်ရှိသည့် မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံမှ ဒုတိယအကြီးဆုံးသော သဘာဝ အင်းအိုင်ကြီး တစ်ခု ဖြစ်ပါသည်။
တောင်နှင့်မြောက် သွယ်တန်းလျက်ရှိသော တောင်တန်းကြီး ၂ ခုကြားမှာ ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိပြီး အင်းလေးတည်ရာအရပ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၀၀ ကျော် မြင့်သည်လည်း ဖြစ်သည်။ တောင်ရိုး တောင်တန်းများ ၀န်းရံလျက် ကြည်လင်ပြာလဲ့သော ရေပြင်ကျယ်ကြီး ဖြစ်သောကြောင့် မြန်မာတွင်သာမက ကမ္ဘာတွင်ပါ ကျော်ကြားလေသည်။

အင်းလေးသည် တောင်နှင့်မြောက် အလျား ကိုးမိုင်ခန့် ရှည်လျားလေသည်။ အကျယ်ဆုံးနေရာ၌ အရှေ့နှင့်အနောက် သုံးမိုင်ခွဲခန့် ရှိနိုင်လေသည်။ ရှေးအခါက အင်းလေးကန်ကြီး၏ အကျယ်အ၀န်းသည် စတုရန်းမိုင် ၁၉၀ ခန့် ရှိမည်ဟု ခန့်မှန်းရသည်။

အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များ တည်ဆောက်ထားပြီး တစ်နေရာမှ တစ်နေရာသို့ လှေများ၊ စက်လှေများဖြင့် ခရီးသွားလာကြသည်။ အင်းသားတို့၏ လှေကို ခြေဖြင့်လှော်ခတ်ပုံမှာ ထင်ရှား ကျော်ကြား လှလေသည်။ ထင်ရှားသည့်နောက် အကြောင်းတစ်ခုမှာ နန်းဟူးရွာရှိ ဖောင်တော်ဦး ဘုရားသည်လည်း တစ်ခုအပါအ၀င် ဖြစ်လေသည်။

Ref : Hmuu Zaw, Famous Places & Monuments in Myanmar, Wiki
Photo Credit : Original Uploader

Download Wun Zinn

0 comments:

Post a Comment