Thursday, April 9, 2015

ဆေးလိပ်ဖြတ်တော့မယ်ဆိုရင်


ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေကြတဲ့ သူတွေအတွက် အထောက်အကူ ဖြစ်စေမည့် အချက်အလက်လေး တွေပါ။ ဆေးလိပ်ဖြတ်တော့မယ်ဆိုရင် -

၁ - ဆေးလိပ်ဖြတ်တော့မည်ဟု ပြတ်သားသည့် ဆုံးဖြတ်ချက်ချပါ။

၂- ဖြတ်ရသည့်အကြောင်းရင်းကို ချရေးကြည့်ပါ။ အဆိုပါ အကြောင်းအရာများကို နေ့စဉ် ဖတ်ရှုပေးပါ။ ဆေးလိပ်သောက်မိပါက သောက်ပြီးသည်နှင့် ထပ်ဖတ်ပါ။

၃- အိတ်ကလေးတစ်လုံး ဆောင်ထားပါ။ ၎င်းအိပ်ထဲတွင် သကြားလုံး၊ ပူရှိန်း၊ ပီကေ စသည့် အခြားအရာများကို ထည့်သွင်းထားပြီး ဆေးလိပ်သောက်ချင်သည့်အခါတိုင်း ထုတ်စားပါ။

၎ - ဆေးလိပ်သောက်ချင်လာပါက - အသက်ပြင်းပြင်းရှုပါ၊ ရေများများ သောက်ပါ၊ အခြားအကြောင်းအရာများကို စဉ်းစားပါ၊ သူငယ်ချင်းတစ်ယောက်ဆီ ဖုန်းဆက်လိုက်ပါ၊ ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ပါ။

၅- မိမိမြင်ကွင်းတွင် ဆေးလိပ်နှင့် ပတ်သက်သည့် သဲလွန်စများကို ဖျောက်ဖျက်ပါ။ အမြဲ အလုပ်များအောင်နေပါ။

၆- ဤအချက်ကို ဂရုစိုက်စေလိုပါသည်။ ဆေးလိပ်ပြတ်အောင် လုပ်ဆောင်နေသော်လည်း တစ်ခါတစ်ရံ ဆေးလိပ်သောက်သုံးသူများ၊ ဆေးလိပ်သဲလွန်စများ တွေ့ရှိပါက မိမိစိတ်ထဲတွင် "တစ်လိပ်တည်း သောက်တာပါ" ဆိုသည့် စကားအမြဲတမ်း (ဆေးလိပ် မပြတ်ခင်) ပေါ်လာတတ်သည်။ ထိုအခါ "မဟုတ်ဘူး၊ ငါဟာ ဆေးလိပ်ဖြတ်နေတဲ့ လူတစ်ယောက်" ဟု စသည်မျိုး ပြန်ပြောပါ။

Ref : healthdigezt
Download Wun Zinn

0 comments:

Post a Comment