Wednesday, April 22, 2015

မျက်နှာပေါ်က အမာရွတ်တွေ ဖယ်ရှားကြမယ်


သင်္ကြန်တွင်းမှာ ရေပက်ခံထွက်ထားတော့၊ ဒါမှမဟုတ် တစ်နေကုန် အပြင်မှာပဲ အနေကြာလာတဲ့အခါ သင့် အသားအရေဟာ မွဲခြောက်ခြောက်နဲ့ နေလောင်ခံ အသားအရေ ဖြစ်နေပြီဆိုရင် အောက်ပါ အချက်အလက်လေး တွေကို လုပ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။

ဗီတာမင် အီး
ဗီတာမင် အီးဟာ အသားအရည်အတွက် အလွန် ကောင်းမွန်တဲ့ ဆေးဝါးပါ။ အသားအရေကို နေလောင်ခြင်းနဲ့ အခြားသော အန္တရာယ်ရှိ ခရမ်းလွန်ရောင်ခြည်များမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် အီးကို အသီးအရွက်များ၊ ဥများနဲ့ သီးနှံများမှာ အများဆုံး တွေ့ရမှာလည်း ဖြစ်ပါတယ်။ ဗီတာမင်-အီး ဆေးတောင့်ကို အပ်ဖြင့်ဖောက်ပြီး အတွင်းမှ အရည်ကို မျက်နှာပေါ် နေ့စဉ်သုတ်လိမ်းပေးခြင်းဖြင့် ဖြူစင်ဝင်းပသော အသားအရေကို ပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။

သံပရာရည် (သို့) ရှောက်ရည်
သံပရာရည်ဟာ အသားအရေအတွက်သာမက စိတ်ပိုင်းဆိုင်ရာကိုပါ လန်းဆန်းတက်ကြွစေတဲ့ Anti-Oxdiant ဖျော်ရည်လည်း ဖြစ်ပါတယ်။ မျက်နှာကို သံပရာသီးနှင့် ပွတ်တိုက်ပေးခြင်းက မျက်နှာပေါ်ရှိ နေလောင်ကွက်များ၊ အမဲစက်များနှင့် အခြားသော ၀က်ခြံများကိုပါ သက်သာပျောက်ကင်းစေပါတယ်။ ကျန်းမာရေးအရ သံပရာရည် တစ်နေ့ကို တစ်ခွက် အမြဲတမ်း သောက်သုံးသင့်ပါတယ်။ မျက်နှာအလှအတွက်ကတော့ အမာရွတ်တွေပေါ်ကို သံပရာသီးနဲ့ မနက် ရေမချိုးခင် အမြဲတမ်း ပွတ်သတ်ပေးသင့်ပါတယ်။

ရေခဲတုံး
မျက်နှာကို ရေခဲတုံးနဲ့ ပွတ်တိုက်ခြင်းက သင် မထင်ထားတဲ့ ကောင်းကျိုးတွေကို ပေးစွမ်းစေပါတယ်။ အေးမြတဲ့ အပူချိန်ဟာ အမာရွတ်ကို သက်သာရန် ပြန်လည်အားဖြည့်ပေးမယ့် တစ်ရှုးတွေကို ရှင်သန်အားကောင်းစေပါတယ်။ ပြီးတော့ ထိုနေရာတစ်ဝိုက် သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ မျက်နှာပေါ်က အမာရွတ်တွေ၊ အမဲစက်တွေကို ရေခဲတုံးနဲ့လည်း နေ့စဉ်ပွတ်တိုက်နိုင်ပါတယ်။

ရှားစောင်းလက်ဖက်
နေလောင်ဒဏ်နဲ့ နေရောင်ကြောင့် အသားအရေ ပျက်စီးခြင်းတွေ ဖြစ်ခဲ့မယ်ဆိုရင် ရှားစောင်းလက်ပတ်ထက်လောက် အသားအရေကို ပြန်လည်ကောင်းမွန်စေတာ မရှိဘူးလို့ ဆိုပါရစေ။ ရှားစောင်းလက်ပတ်ရဲ့ အရည်ကို ယူပြီး အရေပြားကို သုတ်လိမ်းနိုင်ပါတယ်။

မက်မွန်
မွက်မွန်ဟာလည်း ဗီတာမင် အီးနဲ့ အရေပြားအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ အသီးအနှံတစ်မျိုးပဲ ဖြစ်ပါတယ်။ မက်မွန်အနည်းငယ်ကို ညလုံးပေါက် ရေစိမ်ထား၊ မနက်ရောက်တဲ့အခါ အခွံကိုခွာ အသီးကိုကြိတ်ပြီး ရေ (သို့မဟုတ်) နှင်းဆီရေနှင့်ပေါင်းစပ်ပြီး မျက်နှာပေါ်ရှိ အမာရွတ်များပေါ်တွင် လိမ်းကျံနိုင်ပါတယ်။
Download Wun Zinn

0 comments:

Post a Comment