Wednesday, April 8, 2015

ခေါင်းဖြတ်ပြီး ခန္ဓာကိုယ်ပြောင်းမယ့် လူသား

ရောဂါဝေဒနာ ခံစားနေရသူ ရုရှားနိုင်ငံသား Valery Spiridonov

လူတစ်ယောက်ရဲ့ ခေါင်းကိုဖြတ်ပြီး အခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ် (သေပြီးသား) မှာ ခေါင်းပြန်ဆက်၊ အစားထိုးကုသမှုလုပ်မယ်ပြောရင် တော်တော်ရူးတဲ့ စကားလို့ ပြောကြမှာတော့ အသေအချာပါပဲ။ ဒါပေမဲ့
ဘာမဆို ဖြစ်လာနိုင်တဲ့  လောကကြီးမှာ ယခု ကိစ္စကို အကောင်အထည် ဖော်မည့် လူတွေကလည်း
ရှိလာလို့ နေပါပြီ။

ကွန်ပျူတာသိပ္ပံသမား Valery Spiridonov တစ်ယောက်ဟာ ငယ်စဉ်ကတည်းက Werdnig-Hoffman
ရောဂါလို့ခေါ်တဲ့ ဗီဇဆိုင်ရာကြွက်သားများ မူမှန်စွာ ပျောက်ကွယ်ကုန်ဆုံးခြင်း ရောဂါ မွေးကတည်းက
ပါလာသူ ဖြစ်ပါတယ်။ ဒီရောဂါနှိပ်စက်မှုဒဏ်ကို မခံနိုင်တဲ့ Spiridonov (၃၀ နှစ်) ဟာ အီတလီလူမျိုး
ခွဲစိတ်ပညာရှင် Dr.Sergio Canavero နဲ့ ခွဲစိတ်မှု ခံဖို့အထိ ဖြစ်လာပါတယ်။

Spiridonov တစ်ယောက်ကတော့ သူ့ရဲ့ ယုံကြည်မှုအားလုံးကို Dr.Canavero ကို အပ်နှံလိုက်ပြီလို့
ဆိုပါတယ်။ ဒီခွဲစိတ်မှုကနေ သူ့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ခန္ဓာကိုယ်နဲ့ အသက်ဆက်ရှင်သွားမယ်လို့
ယူဆမျှော်လင့်နေပုံပါပဲ။


"ကျွန်တော် ကြောက်နေသလား၊ အင်း... သေချာတာပေါ့၊ ဒါပေမဲ့ ဒါဟာ ကြောက်စရာအကောင်းဆုံးတော့
မဟုတ်ဘူး၊ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စပါ" လို့ Spiridonov က ရုရှားနိုင်ငံက သူ့နေအိမ်မှာ
သတင်းသမားတွေကို ပြောခဲ့တယ်။

"ဒါပေမဲ့ ကျွန်တော့်မှာလည်း သိပ်များများစားစား ရွေးချယ်စရာ မရှိဘူးလေ၊ အကယ်၍သာ ဒီအခွင့်အရေးကို လက်မခံဖြစ်ခဲ့ရင် ကျွန်တော့် အခြေအနေက ခင်ဗျားတို့ မြင်တဲ့အတိုင်း ပိုမို ဆိုးရွားသွားလိမ့်မယ်" လို့ ရောဂါဝေဒနာကို ခံစားနေရတဲ့ သူက ဆက်ပြောပြခဲ့တယ်။

Dr.Canavero ခွဲစိတ်မှုနှင့် ပတ်သက်၍ ပြောဆိုနေပုံ

Dr.Canavero နဲ့ Mr.Spiridonov တို့နှစ်ဦးဟာ Skype မှာသာ ပြောဆိုဖြစ်ခဲ့ကြပြီး Spiridonov ရဲ့ ဆေးမှတ်တမ်းတွေကိုလည်း မကြည့်ရှုရသေးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီ အီတလီသား ဆရာဝန်ဟာ ဒီခွဲစိတ်မှုကို "ကောင်းကင်ဘုံ" လို့ အမည်ပေးထားပြီး ယခုကဲ့သို့ ခန္ဓာကိုယ်တစ်ခုသို့ ဦးခေါင်း မျိုးဆက်ကူးပြောင်းခြင်းအတွက် လိုအပ်သည့် နည်းပညာများလည်း ရှိနေပြီလို့ ဆိုပါတယ်။

၁၉၇၀ ခုနှစ်တွင် Dr.Robert မှ ဦးခေါင်းမျိုးဆက်ကုသခြင်းကို မျောက်နှင့် စမ်းသပ်ပြုလုပ်ခဲ့ပုံ

ဤကဲ့သို့သော စမ်းသပ်မှုမျိုးသည် ပထမဆုံးမဟုတ်ပဲ လွန်ခဲ့သော ၄၅ နှစ်က မျောက်နှစ်ကောင်ကို ခွဲစိတ်စမ်းသပ်ခဲ့ဖူးပြီး တရုတ်နိုင်ငံတွင်လည်း ကြွက်ဖြင့် မကြာသေးမီက စမ်းသပ်ပြုလုပ် ခဲ့တယ်လို့ Dr.Canevero က ပြောပါတယ်။

သို့သော်လည်း ဝေဖန်ရေးသမားများနဲ့ အခြားသော ကျွမ်းကျင်ပညာရှင်များကတော့ Dr.Canevero ရဲ့ လုပ်ရပ်ဟာ ပြစ်မျိုးမှဲ့မထင် စိတ်ကူးယဉ်မှု လို့ ဝေဖန်ထားပြီး သူ့ကိုလည်း Dr.Frankenstein (စိတ်ကူးယဉ်ဝတ္ထုတစ်ခုမှ မကောင်းဆိုးဝါးများ ပြုလုပ်ခွဲစိတ်သည့် ဆရာဝန်) နဲ့ နှိုင်းယှဉ်ဝေဖန်မှုနဲ့ ပြုလုပ်ခဲ့ပါတယ်။ နယူးယောက်မှ ဆရာဝန် Arthur Caplan ကတော့ Dr.Canevero ကို အရူး တစ်ယောက်အဖြစ် ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။

၃၆ နာရီကြာမြင့်မည့် ဤခွဲစိတ်မှုသည် ကမ္ဘာ့အကောင်းဆုံး ခွဲစိတ်ကုသခန်းမများထဲမှ တစ်ခုတွင် ပြုလုပ်မည်ဖြစ်ပြီး ကုန်ကျစရိတ်အနေဖြင့်လည်း £7.5million ရှိမည်ဟု ခန့်မှန်းကြသည်။

သို့သော်လည်း Dr.Canevero အနေဖြင့် ဤခွဲစိတ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်မည်ဟု ယုံကြည်မှုရှိသလို လူနာဖြစ်သူ Mr.Spiridonov ၏ စိတ်အားထက်သန်မှု၊ အခြားတစ်ဖက်တွင်လည်း ကျွမ်းကျင်ပညာရှင်များ၏ ဝေဖန်မှုများ မြင့်တက်နေခြင်းကြောင့် ယခုခွဲစိတ်မှုကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားမှု ရှိလာကြပါသည်။

Vladimir (ရုရှားပြည်ရှိ ဒေသ) ရှိ ဒေသခံတစ်ဦး၏ ဦးနှောက်မဲ့ သေဆုံးနေသည့် ခန္ဓာကိုယ်အားလည်း လက်ခံရရှိလိမ့်မည် ဖြစ်ပြီး ခွဲစိတ်မှုကို ၂၀၁၆ ခုတွင် ပြုလုပ်နိုင်မည်ဟုလည်း ရည်မှန်းထားကြသည်။

အကယ်၍သာ Dr.Canevero တစ်ယောက် ယုံကြည်သလို ဖြစ်လာခဲ့လျှင်တော့... ဆေးပညာလောက၏ အပြောင်းအလဲ ကြီးကြီးမားမားတစ်ခုကို မြင်ရမည် ဖြစ်ပြီး... သို့မဟုတ်ပါက..........

Download Wun Zinn

0 comments:

Post a Comment