Wednesday, April 22, 2015

ပုလင်းလေး ပြန်ရောက်လာတဲ့အခါ..



တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်လေးပါ။

တစ်ခါက တိတိကျကျ ဆိုရလျှင် ၁၉၇၀ ခုနှစ်ဝန်းကျင်က ပြင်သစ်စစ်သား တစ်ယောက်ဟာ နာဇီစစ်သုံ့ပန်းဖြစ်ပြီး နော်ဝေသုံ့ပန်းစခန်းတစ်ခုမှာ ရောက်နေခဲ့ပါတယ်။ အနှိပ်စက်ခံ အကျဉ်းစားဖြစ်တဲ့ သူဟာ ကမ္ဘာလောကကြီးနဲ့ အဆက်သွယ်ပြတ်နေပြီး ပြင်သစ်သုံ့ပန်းသားတွေ နော်ဝေနိုင်ငံမှာ ရောက်နေကြောင်းကို ပုလင်းလွတ် တစ်လုံးထဲ စာရေးထည့်ပြီိး ပင်လယ်ထဲကို မျှောချလိုက်တယ်။ သို့ပေမယ့် ကယ်သူမရှိ၊ ကူသူမရှိခဲ့ပါဘူး။ စစ်ကြီးပြီးလို့ အနှစ် ၂၀ လောက်အကြာမှာတော့ အဲ့ဒီ ပြင်သစ်စစ်သားလေးဟာ ပြင်သစ်တောင်ပိုင်း ကမ်းခြေတစ်ခုမှာ တံငါလုပ်နေရင်း သူကိုယ်တိုင် ပင်လယ်ထဲကို မျှောချခဲ့တဲ့ ပုလင်းလေးကို သွားတွေ့ခဲ့ပါတယ်။

တကယ်တော့ ကံကြမ္မာတရားဆိုတာ ဒီ ပင်လယ်ထဲကို ပုလင်းထဲ စာထည့်ပြီး မျှောလိုက်တာနဲ့ တူပါတယ်။ ကိုယ်ပြုလုပ်ခဲ့တဲ့ ကံ (၀ါ) အလုပ်တွေဟာ တစ်နေ့မှာတော့ ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာပါလိမ့်မယ်။

တစ်ခါတစ်လေ တစ်ချို့လူတွေဟာ အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ ပေါ့ပေါ့တန်တန် တန်ဖိုးထားတတ်ကြတယ်။ သမ္မတလောက်လုပ်ရမှ အလုပ်လုပ်တယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်တော့ မည်သည့်အလုပ်မဆို သေးငယ်သည်ဖြစ်စေ၊ ဒါတွေဟာ သူတို့ကိုယ်တိုင် ပုလင်းလို့ခေါ်တဲ့ ဘ၀ထဲမှာ အလုပ်လို့ခေါ်တဲ့ စာလေးတွေကို ထည့်နေရတာနဲ့ တူတာကို သတိမထားမိတတ်ကြပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ဒီအလုပ်ရဲ့ အကျိုးကို ကျိန်းသေကို ပြန်လည်လက်ခံရ၊ ခံစားရမှာ ဖြစ်ပါတယ်။ ဒီတော့ ပြန်လည်လက်ခံတဲ့အခါမှာ မိမိရေးခဲ့တဲ့ စာလေးကို ကြည့်ပြီး နောင်တမရဖို့၊ ပျော်ရွှင်ဖို့ လိုတာပေါ့။

ကံကြမ္မာဆိုတာ စက်ဝိုင်းနဲ့ တူပါတယ်။ စက်ဝိုင်းနဲ့ တူတဲ့အတွက် တစ်နေ့မှာတော့ မိမိရဲ့ ပြုလုပ်ခဲ့တဲ့အရာတွေကို ပြန်လည်ဆုံဆည်းရမှာ အသေအချာပါပဲ။ ကိုယ်လွှတ်ပစ်လိုက်တဲ့ ပုလင်းကို ပြန်တွေ့တဲ့အခါမှာတော့..

Download Wun Zinn

0 comments:

Post a Comment