Wednesday, April 22, 2015

စိတ်ပူနေသလား???


စိတ်ပူတယ်ဆိုတာ ကိုယ့်မှာရှိတဲ့ အချိန်တွေကို အလဟဿ ဖြုန်းတီးနေတာပါပဲ။ တကယ်ဆို ကိစ္စတစ်ခုကို
စိတ်ပူနေလို့လည်း မည်သည့်အရာကမျှ ပြောင်းလဲသွားတာမှ မဟုတ်တာ။ ဘယ်အရာမှ မပြောင်းလဲသွား
ပေမယ့်လည်း ကိုယ့်ရဲ့ ပျော်ရွှင်မှု၊  ၀မ်းသာမှုတွေကို သူက ခိုးယူသွားနေတယ်။ ပြီးတော့ ကိုယ့်ကိုတိုင်
လည်း ဘာအလုပ်မှ လုပ်ချင်ကိုင် ချင်စိတ် မရှိဖြစ်နေတတ်တယ် မဟုတ်လား။

ဒီတော့ သူငယ်ချင်း... စိတ်ပူနေလား။ အရာအားလုံး မမြဲတဲ့နိယာမအရ အခက်အခဲတွေ ပြဿနာတွေဆိုတာလည်း တစ်နေ့မှာတော့ ပြေလည်သွားမှာပါ။ လာပါ။ ပြုံးထားလိုက်စမ်းပါ။ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
အားသစ်တွေ ရသွားအောင်ပေါ့။

Download Wun Zinn

0 comments:

Post a Comment