Wednesday, March 25, 2015

ပညာရှိ မိန်းမ


တစ်ခါက မြို့တစ်မြို့ရဲ့ အ၀င်ဝမှာ မိန်းမတစ်ယောက် နေထိုင်တယ် ခင်ဗျ။ မြို့လေးရဲ့ အ၀င်ဝနားမှာ ဈေးဆိုင်လေးတစ်ဆိုင် ဖွင့်ပြီးပေါ့။ မြို့လေးထဲကို ၀င်လာတဲ့ ဧည့်သည်တွေက မြို့လေးအကြောင်းကို သူမဆီကပဲ အများဆုံး စုံစမ်းဖြစ်ကြတယ်။

တစ်နေ့တော့ မြို့ကို ပြောင်းလာတဲ့ လူတစ်ယောက်ရောက်လာပြီး သူမကို မေးတယ်။
သူစိမ်း - "ဒီမြို့က လူတွေက ဘယ်လိုနေထိုင်သလဲ ခင်ဗျ"
မိန်းမ - "ရှင့်အရင်မြို့က လူတွေကကော ဘယ်လိုနေသလဲ"
သူစိမ်း - "တော်တော် ဆိုးကြတယ်ဗျာ။ အလိုက်ကန်းဆိုး မသိတဲ့ လူတွေများတယ်"
မိန်းမ - "ဒီမြို့က လူတွေကလည်း ရှင် အရင်နေထိုင်တဲ့ မြို့ကလူတွေလိုပဲ အလိုက်ကန်းဆိုး မသိကြဘူး." တဲ့..
ဒါနဲ့ အဲဒီလူလည်း စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားတယ်။

နောက်တစ်နေ့ မြို့ကို ပြောင်းလာတဲ့ နောက်ထပ်လူတစ်ယောက် ရောက်လာပြီး သူမကို မြို့လေးအကြောင်း ထပ်မေးတယ်။
သူစိမ်း - "ဒီမြို့က လူတွေက ဘယ်လိုနေထိုင်သလဲ ခင်ဗျ"
မိန်းမ - "ရှင့်အရင်မြို့က လူတွေကကော ဘယ်လိုနေသလဲ"
သူစိမ်း - "အရမ်း သဘောကောင်းကြပါတယ်။ အခုတောင် ပြောင်းလာရတာ စိတ်ထဲ သိပ်မကောင်းဘူး"
မိန်းမ - "ဒီမြို့က လူတွေလည်း ရှင့်အရင်မြို့က လူတွေလိုပဲ သဘောအရမ်းကောင်းကြပါတယ်"
သူစိမ်းလည်း ၀မ်းသာအားရနဲ့ မြို့ထဲ ၀င်သွားတယ်ပေါ့။

သြော်... လူဆိုတာ ကိုယ်ထင်ရာကိုပဲ ကိုယ်မြင်တတ်တာ မို့လား...။
Download Wun Zinn


0 comments:

Post a Comment