သူ့ကို မုန်းသလား???
ကိုယ့်အလိုကို သူမလိုက်လို့ မုန်းတာ၊ ကိုယ်ပြောသမျှ သူ နားမထောင်လို့ မုန်းတာ၊ ကိုယ့် စိတ်သဘောကျ သူမနေလို့ မုန်းတာ။ မုန်းရတဲ့ အကြောင်းပြ ချက် အမျိုးမျိုး ရှိကြပါတယ်။
ဘာကြောင့် သူ့ကို ကိုယ် မုန်းရသလဲ။
(၁) ကိုယ့်ရဲ့ စိတ်ချမ်းသာ မှုဟာ တခြားလူအပေါ်မှာ မူတည်နေလို့ပါ။
သေသေချာချာ စဉ်းစားကြည့်ရင် ကိုယ့်ရဲ့ စိတ်သဘောကို ကိုယ် မပိုင်တာမျိုး ပါပဲ။ သူဒီလိုလုပ်မှ ကိုယ်စိတ်ချမ်းသာမယ်၊ သူဒီလိုပြောမှ ကိုယ်စိတ်ချမ်းသာ မယ်။ သူ ဒီလိုမလုပ်ရင် ကိုယ်စိတ်ဆင်းရဲရ တယ်။ စိတ်ဆင်းရဲတဲ့အတွက် ကြာလာတော့ သူ့ကို ကိုယ် မုန်းတီးမိတယ်။
(၂) ကိုယ့်မှာ မေတ္တာတရား ချို့တဲ့နေတဲ့အတွက်လည်း သူတစ်ပါးကို မုန်းတီးမိပါတယ်။ ကိုယ်မုန်းတဲ့လူကတော့ ကိုယ်မုန်းနေတာ မသိပေမယ့် ကိုယ်ကိုတိုင်ကတော့ သူ့ကိုမုန်းရတဲ့အတွက် ကိုယ့်ရဲ့ စိတ်ဓာတ်ခွန်အားတွေ၊ အချိန်တွေ၊ အကျိုးရှိတာတွေကို မလုပ်မိဘဲ သူ့ကို မုန်းနေရတာနဲ့တင် အချိန်ကုန်နေမိတတ်တယ်။ အဲ့ဒီတော့ ဒီလို သူလည်း အကျိုးမရှိ၊ ကိုယ်လည်း အကျိုးမရှိဖြစ်နေမယ်ဆိုရင် သူ့ကို မေတ္တာမထားနိုင်ရင်တောင်မှ ကိုယ့်ကိုကိုယ်တော့ "သြော်..ငါ့မှာ ပူလောင်နေတယ်၊ ဒါ့ကြောင့် ငါ့ကိုယ်ငါ အေးချမ်းအောင် နေမယ်" ဆိုပြီး ကိုယ့်ကိုကိုယ် မေတ္တာလေး ပို့နေသင့်ပါတယ်။
(၃) ကြောက်လို့ မုန်းရတယ်။
သူက ကိုယ့်ကို ထိခိုက်အောင် နာကျင်အောင် ပြုလုပ်နိုင်တယ်လို့ ထင်နေတဲ့အခါ သူ့ကို မုန်းမိပါတယ်။ ဒါဟာလည်း မပြည့်စုံခြင်း တစ်မျိုးပါပဲ။ ကိုယ်ကိုတိုင်သာ အစွမ်းအစရှိမယ်ဆိုရင် ဘယ်သူ့ကြောင့်မှ ငါက ဒီအခြေအနေ ဖြစ်လာတာမဟုတ်သလို၊ သူတို့လုပ်လို့ လဲကျသွားရင်လည်း ငါ ပြန်ထလာမှာမို့လို့ သူတို့ကို ကြောက်စရာ မလိုသလို မုန်းစရာလည်း မလိုခဲ့ပါဘူး။
ဒီတော့ လူတစ်ယောက်ကို ကိုယ်က မုန်းတယ်လို့ ပြောတယ်ဆိုတာက....
0 comments:
Post a Comment