Wednesday, March 25, 2015

ပညာဆိုတာ


အောင်သင်း

ကျွန်တော်တို့၏ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အလုံးစံကို သိသော ဉာဏ်အလင်း (သဗ္ဗညုတဉာဏ်) ကို ရလိုက်သောအခါ ပထမဆုံး ကျူးရင့်လိုက်သည်မှာ "ယေဓမာ ဟေတုပ္ပဘ၀ါ" "အလုံးစုံသော ဖြစ်ရပ်တို့တွင် အကြောင်းရင်း ရှိကုန်၏" ဟူ၍ ဖြစ်ပါသည်။ ဤသို့အားဖြင့် ဖြစ်လာသမျှ တရားတို့သည်
အကျိုး၊ ထိုတရားတို့ ဘာကြောင့်ဖြစ်လာရသလဲဟု အကြောင်းရင်းကို ရှာသည်။ ဤသို့ဆိုလျှင် အကြောင်းကို ရှာတတ်ခြင်း၊ အကျိုးတရားကို မှန်းဆတတ်ခြင်း၊ တစ်နည်းအားဖြင့် အကြောင်းနှင့် အကျိုးကို ဆက်စပ်တွေးခေါ်တတ်ခြင်းကိုပင် "ပညာ" ဟု ဆိုရပါတော့မည်။

ဘုရားရှင်ထက် ရှေးကျသော ကမ္ဘာ့ပညာရှင်ကြီး "ဆော့ခရတ္တိ" ၏ အဆိုအမိန့်များကို "ပလေတိုကထာ" များတွင် ရှာဖွေဖတ်ရှုသောအခါ၌လည်း ထိုနည်းတူပင် ကြောင်းကျိုးဆက်စပ် ကြည့်တတ်မှုကို တွေ့ရပြန်ပါသည်။

ပညာဆိုသည်မှာ တစ်စုံတစ်ခုသော ဖြစ်ရပ်(တရား) ကို တွေ့လျှင် အကြောင်းရင်းကို ပြန်ရှာတတ်သူပင် ဖြစ်ပါသည်။ ထင်ရှားမြင်သာသော ဥပဒေတစ်ခုကို ပြောရလျှင် ခွေးနှင့်ခြင်္သေ့တို့ အကြောင်း ဖြစ်ပါသည်။ ခဲတစ်လုံးက မိမိထံပါးသို့ ကျရောက်လာလျှင် ခွေးက ခဲကို လိုက်ကိုက်သည်။ ခြင်္သေ့ကမူကား ခဲလာရာအရပ်ကို လှမ်းမျှော်ကြည့်သည်။ ဤသို့အားဖြင့် ပညာရှိနှင့် ပညာမဲ့သူ၏အကြောင်းကို ဥပမာတင်စား၍ ဖော်ပြတတ်ပါသည်။

မူရင်း - Eternal Light Magazine Vol 4, No. 9, 2014 Nov ပါ ပညာသင်ကြားမှုဆိုတာ (ရေးသူ - အောင်သင်း) မှ ဖော်ပြပါသည်။

စကားချပ် - Eternal Light Magazine သည် သက်ကြီးစာပေ ပညာရှင်များကို အခမဲ့ ဆေးကုသပေးရန် ရည်ရွယ်ထုတ်ဝေသော မဂ္ဂဇင်းတစ်စောင် ဖြစ်ပါသည်။
Download Wun Zinn


0 comments:

Post a Comment