Wednesday, March 18, 2015

စပျစ်သီး အစာအာဟာရဓာတ်များ



စပျစ်သီးတွင် အဆီဓာတ်များ လုံးဝမပါဝင်ပါ။ ပရိုတင်းပါဝင်မှုမှာလည်း နည်းပါလှပြီး ကာဗိုဟိုက်ဒရိတ်ပါဝင်မှု မှာလည်း လိမ္မော်သီး၊ ရှောက်ချဉ်သီးတို့ထက် နည်းပါးလေသည်။ ကာဗိုဟိုက်ဒရိတ် ၇.၃% မျှသာ ပါဝင်လေ သည်။ ထို့ကြောင့် စပျစ်သီးသည် ပိန်လိုသူများအတွက် အကောင်းဆုံးသော အဆီချဆေးတစ်ခွက်အဖြစ် အသုံးဝင်စေပါသည်။ ဟောလီးဝုဒ် (Hollywood) အနုပညာရှင်များ ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ ရုပ်ရှင်ပညာရှင်များ အများအဆုံးအသုံးပြုလာသော ဓာတ်စာလည်း ဖြစ်ပါသည်။

လိမ္မော်သီးနှင့် ရှောက်ချဉ်သီးတို့တွင် ပါဝင်သော အဖိုးတန် တွင်းထွက်သတ္တုများအနက် ဆိုဒီယမ်ဓာတ်နှင့် ဆီလီကာမှလွဲလျှင် ကျန်ဓာတ်များအားလုံး စပျစ်သီးတွင်ပါဝင်သည်။ သို့သော် သံဓာတ်၊ ကလိုရင်းဓာတ် ပါဝင်သော ရာခိုင်နှုန်းတွင်မူ စပျစ်သီးက ရှောက်ချဉ်သီး၊ လိမ္မော်သီးတို့ထက် ပိုလေသည်။ စပျစ်သီးသည် အားတိုးဆေးအဖြစ်သော်လည်ကောင်း၊ စွမ်းအားထုတ်သော လောင်စာအဖြစ်သော်လည်းကောင်း၊ အသား လှဆေးအဖြစ် အသုံးဝင်စေ၏။ သွေးအားနည်ရောဂါနှင့် အထူးသင့်လျော်သည်။ စပျစ်သီးတွင် ပါဝင်သော သတ္တုဓာတ် (Mineral Residue) တို့က အယ်လ်ကလိုင်း (Alkaline) ဂုဏ်သတ္တိကို ထုန်လုပ်ပေးနိုင်သဖြင့် သွေးမသန့်ရောဂါနှင့် အစာအိမ်အချဉ်ပေါက်ရောဂါကို ပျောက်ကင်းစေနိုင်ပါသည်။


Download Wun Zinn


0 comments:

Post a Comment