Wednesday, March 18, 2015

မန်နေဂျာကောင်းတစ်ယောက် ဆိုတာ (အပိုင်း - ၁)



ကိုယ်ပိုင်အလုပ်လေးလည်း ရှိပြီ။ ကိုယ့်လက်အောက်မှာလည်း အလုပ်သမားတွေ ရှိနေပြီဆိုရင် သင် ကောင်းမွန်ပြည့်စုံတဲ့ မန်နေဂျာတစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုမလည်း။ သင့်ရဲ့ ဘယ်လိုအချက်တွေက အလုပ်သမားတွေနဲ့ သင့်ကြား ပိုမို အားကောင်းတဲ့ စနစ်တစ်ခုကို တည်ဆောက်စေမလည်း။ ဒီတော့ သင့်အနေနဲ့ လိုအပ်မယ်ထင်တဲ့ အချက်အလက်လေးတွေကို စဉ်းစားကြည့်ရအောင်။

၁ - အလုပ်သမားတွေကို သိဖို့ ကြိုးစားပါ။
မန်နေဂျာတစ်ယောက် စဖြစ်တာနဲ့ စည်းကမ်းတွေ တသီကြီး ထုတ်နေတာ၊ Report တွေ တသီကြီးရေးခိုင်းနေမယ့် အစား အလုပ်သမားတွေနဲ့ စကားပြောကြည့်တာ၊ သူတို့ရဲ့ စိတ်ခံစားမှုတွေကို သိရှိအောင် အလေးပေး စိတ်ဝင်စားတာလေးတော့ ပထမဆုံး ပြုလုပ်ကြည့်သင့်ပါတယ်။

၂ - အလုပ်သမားတွေ လေးစားအောင်နေပါ။
သင် မန်နေဂျာဖြစ်တဲ့အချိန်ကစပြီး အလုပ်သမားတွေက သင့်ကို သူတို့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတိထား ကြည့်နေပါပြီ။ ကိုယ်က သူတို့ကို အလုပ်ပိုလုပ်စေချင်ရင် ကိုယ်ကိုတိုင်က အလုပ်ပိုကြိုးစားပြရပါမယ်။ အသေးငယ်ဆုံးသော အမှားကို ကျူးလွန်ခဲ့ရင်တောင် လူကြီးလူကောင်း ပီသစွာ တောင်းပန်ဖို့ပါပဲ။ အစပထမမှာ ဒါဟာ ကြောင်တောင်တောင် နိုင်တယ် ထင်ရပေမယ့် သူတို့က ကိုယ့်ကို လေးစားလာပြီဆိုရင်တော့ ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင် တစ်ခုကို သင်ဖန်တီးလာနိုင်ပါပြီလို့ပဲ ဆိုရမှာပါ။

၃- တာဝန်များကို မှန်ကန်စွာ ခွဲဝေပေးနိုင်ပါစေ။
အရာအားလုံးဟာ ငါလုပ်မှ ဖြစ်တာလို့ တွေးနေရင်တော့ သင်ဟာ လိုအပ်ချက်တွေ ရှိနေသေးတဲ့ မန်နေဂျာတစ်ယောက်လို့ ပြောပါရစေ။ ကောင်းမွန်တဲ့ မန်နေဂျာတစ်ယောက်ဆိုတာ မှန်ကန်တဲ့ ရာထူးနဲ့ လုပ်ပိုင်ခွင့်ကို ခွဲဝေပေးသူလို့ ဆိုစကား ရှိပါတယ်။ သင့်အလုပ်သမား တွေထဲမှာလည်း အရည်အချင်းပြည့်ဝတဲ့သူတွေ ရှိနေပါတယ်။ မိမိလုပ်ရမယ့် အလုပ်တွေနဲ့ မိမိ အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုတွေကို တွက်ချက်ကြည့်ပါ။ အကောင်းဆုံးဆိုသူတွေကို သင်ရရင်တော့ သူတို့ကို အိမ်စာအနေနဲ့ အလုပ်တစ်ခုလောက် ပေးလုပ်ခိုင်းသင့်ပါတယ်။

၎- ကောင်းမွန်တဲ့ တုံ့ပြန်ချက်တွေကို ပေးပါ။
မန်နေဂျာတစ်ယောက်အနေနဲ့ သင့်အလုပ်သမားတွေရဲ့ လုပ်ဆောင်မှုတွေကို တုံ့ပြန်မှုပေးဖို့ လိုအပ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ တုံ့ပြန်မှုတွေကို ဘယ်လိုပေးမလည်း။ သိပ်တော့မခက်ပါဘူး။ အကောင်းဆုံးနည်းကတော့  နေ့စဉ် ဒါမှမဟုတ် တစ်ပတ်တစ်ခါ Report တင်ခိုင်းလိုက်ပါ။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး သင့်ရဲ့ မှတ်ချက်လေးတွေ၊ လမ်းညွှန်ထိန်းသိမ်းမှုတွေကို ပြသခြင်းက သူတို့ရဲ့ လုပ်ဆောင်မှုကို ပိုမိုတိုးတက်စေမှာလည်း ဖြစ်ပါတယ်။

၅ - ဆူပူမှုတွေနဲ့ အသားကျပါစေ
သင် ဘယ်လောက်ပြောပြော၊ ဘယ်လို ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေကို ပေးပေး၊ တချို့ကတော့ တလွဲတွေကို လုပ်လာတတ်ကြတာပါပဲ။ ဒီတော့ တစ်ခါတစ်လေ သူတို့ကို ဆူပူကြိမ်းမောင်းပေးလိုက်ပါ။ ဒီနေရာမှာလည်း သင်ဟာ ဒီအလုပ်ကို ဘယ်လောက်အလေးထားတယ်၊ ဒါ့ကြောင့် ဒီအလုပ်ကို လုပ်ခိုင်းတဲ့  အလုပ်သမားကို ပြောနေရတယ်ဆိုတာ ပေါ်လွင်အောင် ပြောဆိုရမှာ ဖြစ်ပါတယ်။

၆ - တက်ကြွတဲ့ အစည်းအဝေးတစ်ခုကို ဖန်တီးနိုင်ပါစေ
ပျင်းရိပြီးငြီးငွေ့စရာကောင်းတဲ့ အစည်းအဝေးကို သင်ကိုယ်တိုင် ကြုံဖူးကောင်း ကြုံရပါလိမ့်မယ်။ အခုတော့ သင်က မန်နေဂျာဖြစ်နေပြီဆိုတော့ ဒီလို အစည်းအဝေးရဲ့ မကောင်းတဲ့ အရာတွေကို ဖယ်ထုတ်ပစ်ရမှာသင့်တာဝန် ဖြစ်လာပါပြီ။ မနက်ဖြန် အစည်းအဝေးရှိတယ်ဆိုရင် ဒီနေ့ကတည်းက ကြိုတင်ပြင်ဆင်ပါ။ ကိုယ်က ဘာတွေပြောဆိုမယ်၊ ဘယ်လို လူတွေဆီက  feedback ကို တောင်းဆိုမယ်။ နောက် meeting လုပ်ရတဲ့ topic နဲ့ မလွဲရအောင် ကိုယ် ဘယ်လိုထိန်းမလဲ ဆိုတာတွေကို သင် ကြိုတင် လေ့ကျင့်ထားသင့်ပါတယ်။ နောက် အလုပ်သမားတွေ အိပ်ငိုက်ခြင်းမရှိစေဖို့ သင့်အနေနဲ့ အခန်းအပြင်အဆင်အပြင်၊ အိပ်ချင်ပြေ သကြားလုံး လေးတွေတောင် ဆောင်ထားသင့်ရင် ဆောင်ထားသင့်ပါတယ်။


ကိုးကား - The Muse
Download Wun Zinn


0 comments:

Post a Comment