Wednesday, March 18, 2015

ကျွန်တော့် အဖေပြောတဲ့ အလုပ်လုပ်ပုံ



တစ်ခါက ကောင်လေးတစ်ယောက် အောင်မြင်ဖို့ အလုပ်လုပ်တော့မယ်လို့ အဖေဖြစ်သူကို ပြောတော့ သူ့အဖေက ကောင်လေးကို စာကြည့်ခန်းလေး ထဲကို ခေါ်လာတယ်။ စာကြည့်စင်ကြီးရဲ့ ဘေးနာ ရှိတဲ့ ထိုင်ခုံလေးမှာ သွားထိုင်ဖို့ ကောင်လေးကိုလည်း ခိုင်းလိုက်တယ်။ ဒါနဲ့ ကောင်လေးလည်း သူ့အဖေ ပြောတဲ့အတိုင်း ထိုင်ခုံလေးမှာ သွားထိုင်လိုက်တယ်။

ထိုင်ခုံလေးက ကောင်းမွန်တဲ့ ထင်းရှုးသားနဲ့ ပြုလုပ်ထားပြီး အောက်ခြေဟာ ရှေ့တိုးနောက်ဆုတ် လှုပ်ရမ်းလို့ရတဲ့ Rocking Chair ထိုင်ခုံလေးပေါ့။
ကောင်လေး ထိုင်ခုံပေါ် ထိုင်လိုက်တဲ့အချိန်မှာ သူ့အဖေက ထိုင်ခုံကို ရှေ့တိုးနောက်ဆုတ် လုပ်ခိုင်းပြီး ထိုင်ခိုင်းတယ်။ ပြီးတော့ ထိုင်လို့ကောင်းလားတဲ့။ ကောင်လေး လည်း ခေါင်းညိတ်ပြလိုက်တယ်။

နောက်ထပ် Rocking Chair တစ်ခုကို ကောင်လေးအဖေက ထပ်ယူလာပြီး ကောင်လေးကို ပေးလိုက်တယ်။ ပြီးတော့ ကောင်လေးကို ဒီ ထိုင်ခုံ ၂ ခုမှာ တစ်ခါတည်း ထိုင်ဖို့ ပြောလိုက်တယ်။ ကောင်လေးအနေနဲ့ ဘယ်လိုမှကို မကြံတတ်ဘူး ဖြစ်သွားတာပေါ့။
ဒီလို ထိုင်ခုံ ၂ ခုမှာ တစ်ထိုင်တည်း ထိုင်ဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်တဲ့ ကိစ္စမဟုတ်တာကို ကောင်လေးရော သူ့အဖေရော သိနေတာကိုး။ ဒါနဲ့ ကောင်လေးက ဒီလို ထိုင်ဖို့ မဖြစ်နိုင်ဘူး ဆိုတာကို သူ့အဖေကို အရဲစွန့်ပြီး ပြောလိုက်တယ်။ ဒီတော့မှ သူ့အဖေက ပြုံးပြီး..

"သား...အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် မင်းနှလုံးသားက ချစ်တာကို လုပ်ပါ။ မင်း ၀ါသနာပါတဲ့ အလုပ်ကို မင်းမြင်တာနဲ့ ကြားတာနဲ့ သိပါလိမ့်မယ်။
ကိုယ် ၀ါသနာပါတဲ့ အလုပ်ကို တွေ့တာနဲ့ မင်း ထိုင်ခုံတစ်ခုမှာပဲ ထိုင်လို့ရသလို စွဲစွဲမြဲမဲကြီးကို ထိုင်လိုက်ပါ...ဟိုထိုင်ခုံ ကောင်းနိုး၊ ဒီထိုင်ခုံ ကောင်းနိုး ရွေးချယ်နေပြီး မင်း ၀ါသနာပါတဲ့ ထိုင်ခုံကို မရွေးချယ်မိရင် မင်းဘ၀မှာ အလုပ်နဲ့ ပတ်သက်လို့ နောင်တတွေ၊ စိတ်ပျက်အားလျော့မှုတွေ ကြုံရလိမ့်မယ်...အလုပ်မှာ အားကြိုးမာန်တက် လူရောစိတ်ပါ ကြိုးစားပါ... ဒါဆို မင်းဘ၀ အောင်မြင်လာပါလိမ့်မယ်" တဲ့..

Download Wun Zinn


0 comments:

Post a Comment