Sunday, March 29, 2015

လေမရှိလျှင်... လှော်


"လေမရှိလျှင်...လှော်" ဆိုတဲ့ ပိုလစ်ဆိုရိုးစကားလေး တစ်ခွန်း ရှိတယ်။

အဓိပ္ပာယ်ကတော့ ရေကြောင်းခရီးသွားလာတဲ့အခါမှာ လှေဟာ လေကို အားကိုးပြီး သွားလာရတာ မှန်ပေမယ့် တစ်ခါတစ်လေတော့ လုံးဝမရွှေ့အောင် မတိုက်ခတ်တဲ့ လေကို ကြုံရတာမျိုးလည်း ရှိတဲ့အခါမှာ မိမိရဲ့ ခွန်အားနဲ့ လိုရာပန်းတိုင်ကို မလျှော့သော ဇွဲလုံ့လ ၀ီရိယဖြင့် လှော်တက်ယူပြီး လှော်ခတ်ရမှာပဲလို့ ပြောထားတာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်လေးလိုပဲ ဘ၀ခရီးမှာ လှေနဲ့တူတဲ့ မိမိနားမှာ လေနဲ့ တူတဲ့ အကူအညီများ၊ မိတ်ဆွေအပေါင်းအသင်းများ၊ အခွင့်အရေးများ မရှိပဲ တစ်ယောက်တည်းပင် ဖြစ်နေသော်လည်း လူဟာ စိတ်ဓာတ်မကျ၊ မတွေဝေ သင့်ဘဲ မိမိ အလိုရှိရာ ပန်းတိုင်ကို ကြိုးစားကာ သွားရောက်သင့်ပါတယ်။

လောကဓံရဲ့ ထုံးစံအတိုင်း မအောင်မြင်ခင်၊ လိုရာကို မရောက်ခင်မှာ လူတော်တော်များများဟာ စိတ်ဓာတ်ကျတတ်တာ သဘာဝပါပဲ။ သို့သော်လည်း စိတ်ပျက်ပျက်နဲ့ပဲ လုပ်သင့်တာကိုတော့ ဆက်လုပ်နေရမယ်၊ အောင်မြင်ဖို့ ရည်ရွယ်ရာပန်ုးတိုင်ကို လျှောက်လှမ်းနေရမယ်။ အဲ့လို လျှောက်လှမ်းနေတဲ့အခါ ကိုယ့်ဘေးနားမှာ ဘာမှ မရှိရင်တော့ရင်တောင် ကိုယ်တစ်ယောက်လုံး ရှိသေးတယ်ဆိုတဲ့ စိတ်နဲ့ လှော်ခတ်သင့်တဲ့အကြောင်းကို ဖော်ပြထားတဲ့ "လေမရှိလျှင်...လှော်" ဆိုတဲ့ ဆိုရိုးလေးက ကျွန်တော်တို့အတွက်တော့ အားဖြစ်စေမယ့် စကားလေး မဟုတ်လား ခင်ဗျာ။
Download Wun Zinn

0 comments:

Post a Comment