Monday, November 2, 2015

အံ့သြစရာကောင်းသည့် တရုတ်ပြည်၏ လူမသိသေးသည့် အချက်များ

တရုတ်ပြည်မှာ အာရှမှာသာမက ကမ္ဘာပေါ်မှာပါ ထူးခြားတဲ့နေထိုင်မှုပုံစံရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ယူလင်ပြည်နယ်မှာ ကျင်းပတဲ့ ခွေးသားပွဲတော်လိုနေ့မျိုးကိုသာ အများစု သိရှိခြင်း ရှိကြသေးပေမယ့် အောက်ပါ အချက်အလက် အတော်များများကိုတော့ တော်တော်များများ မသိရှိကြသေးပါဘူး။

၁- သစ်တောတွေနဲ့ တူတွေ
ပထမဆုံး တရုတ်ပြည်ရဲ့ လူဦးရေ ပမာဏနဲ့ သစ်တောပမာဏဟာ မနှိုင်းယှဉ်သာအောင် ကွာခြားမှု မြင့်မားလွန်းတယ်ဆိုတာပါပဲ။ တိုင်းပြည်ရဲ့ ၂၀ ရခိုင်နှုန်း ပမာဏသာ ရှိတဲ့ သစ်တောပမာဏကနေ တရုတ်တပြည်လုံး အတွက် သာမက နိုင်ငံခြားကို တင်ပို့ဖို့အတွက်ပါ တစ်ခါသုံး တူတွေကို တရုတ်က ထုတ်လုပ်နေတယ် ဆိုတဲ့အချက်ပါပဲ။ တစ်ကမ္ဘာလုံးက အံ့သြဘနန်းဖြစ်ရတဲ့အတွက် ဒီအချက်အတွက် မြန်မာနိုင်ငံက လူတွေကတော့ အဖြေကို သိပြီးသား ဖြစ်မှာပါ။ တစ်နှစ်တစ်နှစ် တစ်ခါသုံး တူတွေကို ထုတ်လုပ်ဖို့အတွက် တရုတ်ပြည်ရဲ့ လူဦးရေကို ကြည့်တာနဲ့ ပျက်စီးဆုံးရှုံးနေတဲ့ သစ်ပင်ပမာဏကို သင် ထောက်ချင့်နိုင်ပါတယ်။

၂ - လူစားထိုးထောင်ကျမှုတွေ ရှိတယ်။
အံ့သြစရာပဲ။ တရုတ်ပြည်က ချမ်းသာသူ တော်တော်များများဟာ အမှုအခင်းလို့ ပြစ်ဒဏ်ကျခံရတဲ့အခါ သူတို့နဲ့ ရုပ်တူတဲ့လူတွေကို ငွေကြေးပေးပြီး အစားထိုး ပြစ်ဒဏ်ကျခံစေပါတယ်။ ဒါဟာ ချမ်းသာသူတွေရဲ့ ထောင်တွင်းပြစ်ဒဏ်ကျခံနည်းပါပဲ။

၃- ခွေးသာမက ကြောင်တွေပါ စားသုံးတယ်။
တကယ်လို့ စာဖတ်သူဟာ ယူလင်ပြည်က ခွေးသားစားပွဲတော်လိုမျိုး တိရစ္ဆာန်လေးများကို ညှဉ်းပန်းနှိပ်စက်မှုမျိုး တရုတ်ပြည်မှာ တစ်ခုတည်း ရှိတယ်လို့ ထင်ရင် မှားပါလိမ့်မယ်။ တကယ်တော့ တရုတ်ပြည်သူ/သားများ ဟာ တစ်ကမ္ဘာလုံးရဲ့အိမ်မွေးတိရစ္ဆာန်တွေကို အချစ်ဆုံးတွေလို့ တင်စားရပါလိမ့်မယ်။ ချစ်လွန်းလို့ ဗိုက်ထဲမှာ မွေးစားထားကြသူတွေလို့ နာမည်ပြောင်ပေးထားခြင်း ခံရသူတွေပါ။ နေ့တိုင်းမှာ ကြောင်ပေါင်း ၁၀,၀၀၀ ခန့်ဟာ Guangdong နယ်မြေဒေသရဲ့ လူတွေရဲ့ ပန်းကန်ပြားပေါ်မှာ ရောက်ရှိလို့ နေကြရပါတယ်။ ဒီဖြစ်ရပ်ကို ဆန့်ကျင်တဲ့ တရုတ်လူမျိုးတွေအတော်များများလည်း ရှိနေတဲ့အတွက် နောင်တစ်ချိန်မှာ ဒီလိုအဖြစ်မျိုးတွေ မရှိဖို့ မျှော်လင့်ရတာပါပဲ။

၎- ထူးဆန်းတဲ့ အိမ်မွေးတိရစ္ဆာန်တွေ
ထူးဆန်းတဲ့ အိမ်မွေးတိရစ္ဆာန်တွေဆိုတာ တစ်မျိုးတော့ မထင်လိုက်ပါနဲ့။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ထူးထူးဆန်းဆန်းလေးတွေလို့ ထင်မြင်လာရအောင် တရုတ်လူမျိုး အတော်များများက တိရစ္ဆာန်တွေကို သူတို့ သဘောကျ ကျားပုံစံ၊ ပန်ဒါဝက်ဝံပုံစံ စသည်ဖြင့် အမျိုးမျိုး ပိုက်ဆံအကုန်ခံပြီး ဆေးရောင်ခြယ်လှယ်ကြလို့ပါပဲ။

၅- စက်ရုပ်စားပွဲထိုးတွေနဲ့ ကြုံရနိုင်တယ်။
Wall-E လို့ခေါ်တဲ့ ကာတွန်းကားထဲက စက်ရုပ်လေးလိုမျိုး တရုတ်ပြည်ရဲ့ နာမည်ကြီးတဲ့ စားသောက်ဆိုင်အချို့မှာ စားပွဲထိုးစာရုပ်တွေ ရှိပါတယ်။ သူတို့က သင့်ကို ချက်ပြုတ်ပေးတာ၊ ဟင်းလျာများ မှာယူပေးတာတို့အပြင် အခြားသော ၀န်ဆောင်မှုတွေကိုပါ ထမ်းရွက်ပေးပါလိမ့်မယ်။ တစ်ခုပါပဲ။ စက်ရုပ်လေးတွေနဲ့ ပျော်စရာလို့ ထင်ရပေမယ့် ၎င်း စားသောက်ဆိုင်တော်တော်များများက တရုတ်ပြည်မှာ တရားမ၀င် ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေ ဖြစ်ပါတယ်တဲ့။

၆ - စစ်သားဆိုရင် ခေါင်းမတ်နေအောင်
တရုတ်ပြည်က စစ်သားတိုင်းရဲ့ မေးစေ့မှာ ပင်အပ်လို အချွန်တွေရှိတဲ့ ခေါင်းစည်းကြိုးနဲ့ ချည်ပေးထားတာကို သင် တွေ့နိုင်ပါတယ်။ အကြောင်းက စစ်သားတွေဟာ သူတို့ရဲ့ ခေါင်းကို မတ်နေစေဖို့နဲ့ တာဝန်ချိန်မှာ အိပ်ငိုက်ခြင်း မရှိအောင် မေးစေ့မှာ ပင်အပ်တွေချည်ထားတဲ့ ကြိုးတပ်ထားရတာပါပဲ။

၇ - ပန်ဒါတွေက အငှားစနစ်နဲ့ပါ။
တရုတ်ပြည်ကလွဲလို့ တခြားတိုင်းပြည်တစ်ပြည်မှာ တွေ့ရတဲ့ ပန်ဒါတွေဟာ (တရုတ်ပြည်မှ လာတယ်ဆိုရင်) တရုတ်တွေရဲ့ စစ်အေးခေတ် လက်ဆောင်တစ်ခု အနေနဲ့ ချီးငှားပေးတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ဒီလို ချေးငှားတဲ့အနေနဲ့ ပန်ဒါကလေးမွေးဖွားလာခဲ့ရင်  တရုတ်ပြည်ကို ပြန်ပို့ပေးရပါတယ်။ တိတိကျကျဆိုရင် FedEx နဲ့ပါ။

၈ - အခုချိန်ထိ ဂူတွင်းအောင်း တရုတ်တွေ ရှိတုန်းပါပဲ။
ဒါဟာ ဟာသတစ်ပုဒ်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီစကားက အမှန်ပါ။ ဒီလို ဂူတွင်းမှာနေထိုင်တဲ့ တရုတ်လူမျိုးအများစုကို Shaanxi ပြည်နယ်မှာ သင်တွေ့နိုင်ပါတယ်။ ဒါဟာ အင်မတန်မှ ဆင်းရဲလွန်းလို့ ဂူတွင်းမှာ နေထိုင်ခြင်းဖြစ်တယ်လို့  ဆိုပါတယ်။ သို့သော်လည်း တချို့ကတော့ ဇိမ်ခံပစ္စည်းအပြည့်အစုံနဲ့ တမင်တကာကို ဂူထဲမှာ လာရောက်နေထိုင်တာကိုလည်း  သင် အံ့သြစွာ တွေ့ရဦးမှာပါ။

၉ - ယေရှုဟာ တရုတ်ပြည်မှာ မိန်းမဆိုပဲ။
တရုတ်ခရစ်ယာန်တချို့ရဲ့ ယုံကြည်မှုကလည်း ထူးဆန်းပါတယ်။ သူတို့က ထာဝရ ဘုရားသခင်ရဲ့ သားတော် Jesus ယေရှုကို သိကျွမ်းကြပုံက တစ်ကမ္ဘာလုံးက ခရစ်ယာန်တွေ လိုက်မမှီအောင် လက်ဖျားခါရပါတယ်။ သူတို့အဆိုအရ တရုတ်ပြည်မှာ တန်ခိုးကြီးမားတဲ့ အမျိုးသမီးတစ်ယောက်ရှိပြီး ၎င်း အမျိုးသမီးဟာ ယေရှုရဲ့ အယောင်ဆောင်တစ်ယောက် ဖြစ်ပါတယ်တဲ့။

၁၀ - လက်မထပ်ရသေးတဲ့ အသက် ၂၀ ကျော် အမျိုးသမီးများ သတိထားပါ။
ကြောင်တောင်တောင်လည်း နိုင်သလို အသက် ၂၀ ကျော် လက်မထပ်ရသေးတဲ့ အမျိုးသမီးများအတွက်လည်း စော်ကားရာ ရောက်ပါတယ်။ စွန့်ပစ်ခံ၊ အပယ်ခံ leftover လို့ သတ်မှတ်ခံရတတ်လို့ပါပဲ။ ဒီတော့ မိတ်ဆွေ သင်ဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အသက် ၂၀ နဲ့ စေ့စပ်ကြောင်းလမ်းခြင်း၊ ဒါမှမဟုတ် လက်မထပ်ရသေးဘူးဆိုရင်တော့ တချို့လူတွေရဲ့ အပြောကို ခံရနိုင်ပါလိမ့်မယ်။

၁၁ - အကြံကြီးတဲ့ တရုတ်တွေ
၁၉၇၃ ခုနှစ်တုန်းက တရုတ်ပြည်မှာ တရုတ်အမျိုးသမီး လူဦးရေ ၁၀ သန်းခန့်ကို အမေရိကန် ပြည်ထောင်စုကို ပို့ဖို့ အဆိုပြုခဲ့ကြပါသေးတယ်။ ဒီလိုလုပ်ရတဲ့အကြောင်းက အမေရိကန်ပြည်ထောင်စုမှာ လူဦးရေတွေ အဆမတန် ထူထပ်များပြားလာအောင်လို့ပါတဲ့။

Ref : thecrazyfacts

Download Wun Zinn

1 comments:

  1. အသက် ၂၀ မဟုတ်ပါဘူး အသက် (၃၀) ပါ

    ReplyDelete