Monday, November 2, 2015

သဘာဝဘေးအန္တရာယ်များ

သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာရခြင်း၏ အကြောင်းရင်းမှာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် ဖြစ်ကြောင်း သိရှိရသည်။ ကမ္ဘာ့ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ပျက်စီးကာ ကမ္ဘာ့လေထု၊ ရေထုကြီး ညစ်ညမ်းလာခြင်းကို မထိန်းသိမ်း၊ မကာကွယ်၊ မပြုပြင်သောကြောင့် ကမ္ဘာကြီးတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ရခြင်းလည်း ဖြစ်သည်။ 

သစ်တောများ ပြုန်းတီးလာခြင်း၊ မြေအောက်သယံဇာတများ အလျှံအပယ် ထုတ်ယူသုံးစွဲနေခြင်း၊ စက်ရုံ အလုပ်ရုံများမှ မီးခိုးမှိုင်းများ အဆမတန် ထုတ်လွှတ်နေခြင်းတို့ကြောင့် ဂေဟစနစ်ပျက်ယွင်းကာ ကမ္ဘာကြီးတစ်ခုလုံး ပူနွေးလာပြီး အကျိုးဆက်အားဖြင့် နွေ၊မိုး၊ ဆောင်းဟူသော ဥတုရာသီစက်ဝန်း ပုံမှန်မလည်ပတ်တော့ပဲ ဖောက်ပြန်လာခြင်း၊ ရေခဲပြင်ကြီးများ အရည်ပျော်၊ ပြိုကျမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း စသည်တို့ ဖြစ်ပေါ်လာရသည်။ ထိုဖြစ်ပေါ်မှုများကြောင့် ကမ္ဘာကြီးတွင် ရေကြီးရေလျှံမှုများ၊ ငလျင်များ၊ မုန်တိုင်းများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ အကျိုးဆက်အားဖြင့်လည်း သားရဲတိရစ္ဆာန်များနှင့် လူသားတို့ပါ ဘေးဒုက္ခကို ခံစားလာရခြင်း ဖြစ်သည်။

သဘာဝဘေးအန္တရာယ်များကို ကာကွယ်လျှော့ချရန် သစ်ပင်သစ်တောများ ကမ္ဘာကြီးတစ်ခုလုံး စိမ်းစိမ်းစိုစို ဖြစ်နေရန် ပြန်လည်စိုက်ပျိုးရမည်။ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ အဆမတန် ထုတ်လွှင့်နေခြင်း၊ မြေပေါ်မြေအောက်ရှိ ရေနံစသည့် သယံဇာတများကို လိုသလောက် အလျှံပယ် ထုတ်ယူသုံးစွဲနေခြင်း၊ ကမ္ဘာ့ရေထုကြီးကို မိလ္လာ၊ အမှိုက်၊ စွန့်ပစ်ပစ္စည်းမျိုးစုံတို့နှင့် ရေဆိုး ရေညစ်များဖြင့် ညစ်ညမ်းအောင် ပြုလုပ်နေခြင်းတို့ကို ပညာပေးခြင်း၊ ဥပဒေထုတ်ပြန်ခြင်း၊ ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်း စသည့် နည်းမျိုးစုံတို့ဖြင့် ကာကွယ်စောင့်ရှောက်ရမည်လည်း ဖြစ်သည်။

သိမှတ်ဖွယ်ရာ အချက်များ
၁ - ၁၈၇၆ မှ ၁၉၇၆ ထိ နှစ်တစ်ရာအတွင်း ကမ္ဘာ့ အရှေ့ခြမ်းနှင့် အနောက်ခြမ်းနိုင်ငံများတွင် မုန်တိုင်း၊ ငလျင်၊ ဆိုနာမီ စသော သဘာဝဘေးကြောင့် လူပေါင်း သန်း (၂၀) ခန့် သေကြေခဲ့ပြီး လူပေါင်း သန်း (၅၀၀) မျှ ဆင်းရဲဒုက္ခရောက်ခဲ့ကြရသည်။
၂ - ၂၀၀၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ ဧရာဝတီတိုင်းတို့၌ ၀င်ရောက်သွားကာ ငလျင်၊ မုန်တိုင်း၊ ဆိုနာမီတို့ကြောင့် လူပေါင်း (၃) သိန်းကျော် သေဆုံးခဲ့ရ၏။
၃ - ၁၈၈၇ ခုနှစ်တွင် တရုတ်ပြည်၊ ဟိုနန်ပြည်နယ်၊ မြစ်ဝါရေလျှံမှုကြောင့် လူပေါင်း (၉) သိန်းကျော် သေဆုံးခဲ့ရသည်။
၎ - ၁၉၃၉ ခုနှစ်တွင် တရုတ်ပြည်မြောက်ပိုင်း၌ ရေကြီးမှု၊ ငတ်မွတ်ခေါင်းပါးမှုကြောင့် လူပေါင်း (၁) သန်းနီးပါး သေဆုံးခဲ့ရ၏။

Credit : ကမ္ဘာ့နေ့ကြီးရက်ကြီးများနှင့် မြန်မာ့နေ့ကြီးရက်ကြီးများ

Download Wun Zinn

0 comments:

Post a Comment