Monday, November 2, 2015

ကြောက်နေရင် တစ်သက်လုံးရှုံးမှာပဲ...

ဆရာမ နိုင်းနိုင်းစနေ၏ fb page မှ ကူးယူဖော်ပြပါသည်။

ကြွက်တစ်ကောင်ဟာ ကြောင်ကိုကြောက်နေခဲ့ရလို့ အမြဲမပျော်နိုင် ဖြစ်နေခဲ့တယ်။ ဒါကို ဖန်ဆင်းရှင်ကကိုယ်ချင်းစာပြီး သူ့ကို ကြောင်တစ်ကောင်ဖြစ်စေလိုက်တယ်။

ကြွက်ဟာ ကြောင်ဖြစ်သွားပြီးတဲ့နောက် ခွေးကိုကြောက်နေခဲ့ရပြန်တယ်။
ဖန်ဆင်းရှင်က သူ့ကို ခွေးတစ်ကောင်ဖြစ်စေလိုက်တယ်။

ခွေးဖြစ်ပြီးနောက် သူဟာ ကျားကိုကြောက်ခဲ့ပြန်တယ်။ သူ့ကို ကျားဖြစ်စေလိုက်ပြန်တယ်။

ကျားဖြစ်တော့ မုဆိုးကိုတွေ့မှာကြောက်နေခဲ့ပြန်တယ်။
နောက်ဆုံးမှာ ဖန်ဆင်းရှင်က သူ့ကို ကြွက်ပဲပြန်ဖြစ်စေလိုက်တယ်။

"မင်းကို ငါဘယ်လိုပြောင်းပြောင်း.. မင်းမှာ အမှန်တရားကိုရင်ဆိုင်ရဲတဲ့သတ္တိမရှိဘူး။ ကြွက်တစ်ကောင်ရဲ့သတ္တိပဲ မင်းမှာရှိခဲ့လို့ မင်းဟာကြွက်ပဲလုပ်လို့ရမယ်"လို့ ဖန်ဆင်းရှင်ကပြောလိုက်တယ်။

ဆင်ခြေများတဲ့သူက အောင်မြင်ခြင်းနဲ့ဖူးစာမပါဘူး။
နောက်ဆုံးမှာ သက်ပြင်းချခြင်း၊ အိုမင်းနောင်တရခြင်းနဲ့ပဲ အဆုံးသတ်ရတယ်။ ဘာပဲလုပ်လုပ်.. ကြောက်နေရင် တစ်သက်လုံးရှုံးတတ်ပါတယ်။

Download Wun Zinn

0 comments:

Post a Comment