Tuesday, June 9, 2015

သရုပ်ဆောင်များ အဘယ့်ကြောင့် မိတ်ကပ်လိမ်းရသနည်း


သရုပ်ဆောင်သူများသည် ပိုမို၍ သဘာဝကျစေရန်လည်းကောင်း၊ သရုပ်ဆောင်ရသည့် ဇာတ်ကောင်နှင့် သဏ္ဍာန်တူစေရန် လည်းကောင်း ကပြဖြေဖျော်ရာတွင် မိတ်ကပ်လူးကြရသည်။

မိတ်ကပ်သည် သဘာဝကို ပိုမိုပေါ်လွင်စေသည်။ လုံးဝ ရုပ်ပြောင်းရုပ်လွှဲ ဖြစ်သွားစေသည်။ ပြဇာတ်ကသူများသည် မျက်လုံးများ၊ နှုတ်ခမ်းများနှင့် ပုံပန်းသဏ္ဍာန်များ ပိုမို ပေါ်လွင်ထင်ရှားစေရန် မိတ်ကပ်ထူထူ လိမ်းကြသည်။ သို့မဟုတ်ပါက စင်မြင့်ပေါ်မှ စွမ်းအားကြီး မီးရောင်များအောက်တွင် မှေးမှိန်ပျောက်ကွယ်သွားလိမ့်မည်။

ဥပမာအားဖြင့် ဆံပင်အညိုဖျော့ဖျော့ အ၀ါရောင်ဖျော့ဖျော့ ပြဇာတ်မင်းသမီးသည် မျက်နှာကို မိတ်ကပ်ခြယ်ထားသော်လည်း ဆံပင်အရောင် ပိုရင့်အောင် ပြုပြင်ရန် လိုအပ်သည်။ မျက်ခုံးများကို ပိုထူကဲအောင် တစ်ခုနှင့်တစ်ခု ကပ်နေအောင် မိတ်ကပ်ခြယ်ထားပါက ယုတ်မာကောက်ကျစ်သူ အဖြစ် ပိုမို ပေါ်လွင်သွားနိုင်ပေသည်။

Credit : People & Places by SarpayLawka

Download Wun Zinn

0 comments:

Post a Comment