တစ်ခါက လူငယ်တစ်ယောက်က အဖိုးအို တစ်ယောက်ကို ဒီလို မေးဖူးတယ်။
"လောကမှာ ကိုယ်က ချစ်ရတာနဲ့ ကိုယ် အချစ်ခံရတာ ဘယ်အရာကောင်း သလဲ" တဲ့။
အဖိုးအိုက ပြုံးပြီးမေးခွန်းလေးနဲ့ အဖြေပြန်ပေးလိုက်တယ်။
"သတို့သမီးတစ်ယောက်အတွက် လက်ထပ်လက်စွပ်ကို ဘယ်ဖက်မှာ ဝတ်တာ အရေးကြီးသလား၊ ဒါမှမဟုတ် ညာဖက်မှာဝတ်တာ အရေးကြီးသလား" တဲ့။
စာရေးသူ မြင်တာက လက်ထပ်လက်စွပ်ကို ဘယ်ဖက်မှာ ဝတ်,ဝတ် ညာဖက်မှာ ဝတ်,ဝတ် အဆင်ပြေသလို သာယာတဲ့ချစ်ခရီးလမ်းလေးအတွက် ဘယ်သူက ချစ်ချစ်၊ ဘယ်သူက အချစ်ခံချင်ချင် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်ပေးဖို့ပဲ လိုတာပါ။ ချစ်သူနှစ်ဦးဟာ တစ်ချိန်တည်းမှာ တစ်စိတ်တည်းဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒီတော့ မိန်းကလေးက စိတ်ဓာတ်ကျနေချိန်မှာ ယောင်္ကျားလေးက အားပေးချစ်ခင်ဖို့ လိုသလို၊ ယောင်္ကျားလေး စိတ်ဓာတ်ကျနေချိန် မိန်းကလေးက အားပေးချစ်ခင်ခြင်းက သာယာတဲ့ ချစ်ခြင်း၊ လှပတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်မှာပါ။
ချစ်ခြင်းနဲ့ အချစ်ခံရခြင်းဟာ နှစ်ခုစလုံး အရေးပါတာကြောင့် ချစ်သူနှစ်ဦး တစ်ဦးနဲ့တစ်ဦး ကြည်ဖြူစွာ အပြန်အလှန် နားလည်ပေးဆပ်ခြင်းဖြင့် သာယာတဲ့ ဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
Download Wun Zinn

0 comments:
Post a Comment