တစ်ခါက သန်းကြွယ်သူဌေး သားအဖနှစ်ယောက် ပင်လယ်ကမ်းစပ်နားမှာ ထိုင်နေကြတယ်။ အဖေက သားငယ်ကို ပင်လယ်ကြီးရဲ့ တစ်နေရာကို လက်ညှိုးထိုးရင်း ပြောလိုက်တယ်။ သား မင်း ဟိုမှာ လှိုင်းစီးနေတာ တွေ့လားတဲ့။ လှိုင်းစီးရတာ ပျော်မယ် ထင်လားတဲ့။
ကလေးငယ်က ပျော်မယ်ထင်တယ်ဆိုတဲ့ အမြင်နဲ့ ခေါင်းညိတ်ပြတယ်။ ဒီတော့ အဖေက ပြန်ပြောတယ်။
သား မင်း အခုအချိန်မှာတော့ နားလည်ချင်မှ နားလည်လိမ့်မယ်။ တစ်နေ့ မင်း ကြီးလာတဲ့အခါ မင်းလည်း လှိုင်းစီးရလိမ့်မယ်။ ကံ၊ ဉာဏ်၊ ၀ိရိယရဲ့ ဖေးမမှုကြောင့် မင်းဟာ အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်နေတဲ့အခါ အခုလိုပဲ လှိုင်းလုံးနဲ့တူတဲ့ အောင်မြင်မှု၊ ကျော်ကြားမှု၊ ဂုဏ်ဒြပ်တွေဟာ မင်းနောက်က လိုက်လာ လိမ့်မယ်။ ဘ၀ရဲ့ အောင်မြင်မှု၊ ကျော်ကြားမှု ဆိုတဲ့ ဂုဏ်ပကာသနတွေကို စီးနင်းရင်း မင်း ခရီးဆက်မိလိမ့်မယ်။
သူတို့တွေကို စီးနင်းရတာ ပျော်စရာ ကောင်းတယ် ထင်လိမ့်မယ်။ လှိုင်းလုံးနဲ့ တူတဲ့ လောကဓံတွေကြားမှာ ဟန်ချက်ညီအောင် ထိန်းရင်း ရှေ့ကို သွားရလိမ့်မယ်။ ဟန်ချက်မညီခဲ့ဘူးဆိုရင်တော့ ရေအောက်ကို နစ်မြုပ်သွားသလို ဖြစ်သွားမှာပေါ့။ ဒါဟာလည်း အပြစ်တော့ မဟုတ်ပါဘူး။ လှိုင်းစီးရတာ လူငယ်တွေအတွက် ပျော်စရာ ကောင်းတာကိုး။ ဒါမှလည်း ဘ၀ဟာ ပိုပြီးနေပျော်မှာပေါ့။
ဒါပေမယ့် တစ်နေ့မှာ အဖေ နားလည်လာခဲ့တာက ရိုးရိုးတန်းတန်းပဲ ခရီးဆက်ချင်ခြင်းက အကောင်းဆုံးဆိုတာပဲ ငါ့သား။

Download Wun Zinn

0 comments:
Post a Comment