(၁) ကြင်နာမှုဖြင့် နေ့တစ်နေ့ကို စတင်ပါ။
ဒီနေ့လေးမှာ သူ/သူမ ပိုပျော်သွားအောင် ငါ ဘယ်လိုလုပ်ပေးနိုင်မလဲ ဆိုတဲ့ စိတ်ကူးလေးနဲ့ နေ့တစ်နေ့ကို စတင်လိုက်ပါ။
(၂) အနေနီးပေမယ့် သူဟာကိုယ်မဟုတ်တာကို သတိရပါ။
===============================
ကိုယ့်မှာဖြစ်ချင်တာတွေ ရှိတယ်၊ သူ့မှာလည်း ဖြစ်ချင်တာလေးတွေ ရှိတယ်။
သူဖြစ်ချင်တာရယ်၊ ကိုယ်ဖြစ်ချင်တာရယ်ကို မျှမျှတတ တွေးတောပြီး တစ်ယောက်ကို တစ်ယောက် နားလည်ခြင်းက ချစ်ခြင်းတွေကို ပိုမိုခိုင်မြဲစေပါတယ်။
(၃) ရုပ်ရည်နဲ့ ပတ်သက်လို့ စိတ်မပူပါနဲ့
အသက်တွေသာ ကြီးလာတယ်၊ သူ့ကို ကြည့်ရတာ အရင်ကတိုင်းပဲ။ အရင်ကအတိုင်း ကိုယ့်ကို နားလည်တယ်၊ ကိုယ်နဲ့အတူတူ ပျော်ရွှင်မှုကို ရှာဖွေတယ်၊ ဒါဆိုရင် အရေးမကြီးတဲ့ ရုပ်ရည်တွေကို ဘာကြောင့် ဂရုစိုက်နေရမလဲ။ အချစ်ဆိုတာ ရုပ်ရည်နဲ့ မဆိုင်ဘူးမဟုတ်လား။
(၄) နားလည်မှုကို ပြုစုပျိုးထောင်ပါ။
တစ်ယောက်ကို တစ်ယောက် ကြည်ဖြူစွာ နားလည်ခြင်းထက် ဘယ်အရာကမှ သင်တို့ရဲ့ ချစ်ခြင်းကို တည်မြဲအောင် မစွဲဆောင်နိုင် သေးပါဘူး။
(၅) ကြည်နူးပျော်ရွှင်နေတဲ့ စုံတွဲတွေနဲ့ တွေ့ပါ။
ရွှေရှိရာ ရွှေလာဆိုသလိုပဲ ကြည်နူးပျော်ရွှင်နေတဲ့ စုံတွဲတွေနဲ့ တွေ့ဆုံခြင်း ကလည်း သင့်ရဲ့ ချစ်သူနဲ့ သင့်ကြားမှာ ရှိတဲ့ ချစ်ခြင်းကို ပိုမိုခိုင်မြဲစေတတ်ပါ တယ်။ သူ့ကို ပိုတန်ဖိုးထားတတ်လာမယ်၊ သူရှိတဲ့အချိန်တွေကို ရင်ခုန်တတ်လာပါလိမ့်မယ်။
(၆) ရန်ပွဲတွေ ခဏနားလိုက်
တကယ်လို့ သူနဲ့ကိုယ်ကြားမှာ စကားအခြေအတင်လေး ဖြစ်လာတယ်ဆိုရင် -
"နောက်ကို ခြေတစ်လှမ်းဆုတ်ခြင်းက ကောင်းကင်ကျယ်တစ်ခုလုံးကို ပြန်မြင်နိုင်တယ်" ဆိုတဲ့ တရုတ် စကားပုံလေးအတိုင်း ခဏ ပြဿနာရဲ့အပြင်ကို ထွက်သွားလိုက်ပါ။ နောက် သူ့အမှား၊ ကိုယ့်အမှား မခွဲခြားဘဲ ပြဿနာတစ်ခုကို အတူတူ အဖြေရှာကြည့်လိုက်ပါ။
(၇) အမြဲတမ်း သင်ယူစရာတွေရှိတာကို သတိရပါ။
လက်ထပ်လိုက်ခြင်းက ဖြစ်စဉ်တစ်ခုကို စတင်လိုက်ခြင်းပါပဲ၊ သူဟာ သင်ရိုးမဲ့တဲ့ ဖြစ်စဉ်တစ်ခုပေါ့။ သင်ခန်းစာ ပြီးဆုံးအောင် သင်နိုင်တယ်ဆိုတာ လက်ထပ်ခြင်းမှာ မရှိသေးပါဘူး။ ဒီတော့ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်လို သင်ခန်းစာတွေ ကြုံနိုင်တယ်၊ ကြုံလာမယ် ဒီလိုဆို ဘယ်လိုဖြေရှင်းကြမယ်၊ နှစ်ယောက်သား နားလည်မှုရှိရှိနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင် သင်တို့ရဲ့ ချစ်ခြင်းက ကမ္ဘာမှာ အတည်မြဲဆုံးဖြစ်နေပါလိမ့်မယ်။
Ref : Time
Download Wun Zinn

0 comments:
Post a Comment