Monday, March 23, 2015

မန်နေဂျာကောင်းတစ်ယောက်ဆိုတာ (အပိုင်း - ၂)


၎- ကောင်းမွန်တဲ့ တုံ့ပြန်ချက်တွေကို ပေးပါ။
မန်နေဂျာတစ်ယောက်အနေနဲ့ သင့်အလုပ်သမားတွေရဲ့ လုပ်ဆောင်မှုတွေကို တုံ့ပြန်မှုပေးဖို့ လိုအပ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ တုံ့ပြန်မှုတွေကို ဘယ်လိုပေးမလည်း။ သိပ်တော့မခက်ပါဘူး။ အကောင်းဆုံးနည်းကတော့
နေ့စဉ် ဒါမှမဟုတ် တစ်ပတ်တစ်ခါ Report တင်ခိုင်းလိုက်ပါ။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး သင့်ရဲ့ မှတ်ချက်လေးတွေ၊ လမ်းညွှန်ထိန်းသိမ်းမှုတွေကို ပြသခြင်းက သူတို့ရဲ့ လုပ်ဆောင်မှုကို ပိုမိုတိုးတက်စေမှာလည်း ဖြစ်ပါတယ်။

၅ - ဆူပူမှုတွေနဲ့ အသားကျပါစေ
သင် ဘယ်လောက်ပြောပြော၊ ဘယ်လို ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေကို ပေးပေး၊ တချို့ကတော့ တလွဲတွေကို လုပ်လာတတ်ကြတာပါပဲ။ ဒီတော့ တစ်ခါတစ်လေ သူတို့ကို ဆူပူကြိမ်းမောင်းပေးလိုက်ပါ။ ဒီနေရာမှာလည်း သင်ဟာ ဒီအလုပ်ကို ဘယ်လောက်အလေးထားတယ်၊ ဒါ့ကြောင့် ဒီအလုပ်ကို လုပ်ခိုင်းတဲ့
အလုပ်သမားကို ပြောနေရတယ်ဆိုတာ ပေါ်လွင်အောင် ပြောဆိုရမှာ ဖြစ်ပါတယ်။

၆ - တက်ကြွတဲ့ အစည်းအဝေးတစ်ခုကို ဖန်တီးနိုင်ပါစေ
ပျင်းရိပြီးငြီးငွေ့စရာကောင်းတဲ့ အစည်းအဝေးကို သင်ကိုယ်တိုင် ကြုံဖူးကောင်း ကြုံရပါလိမ့်မယ်။ အခုတော့ သင်က မန်နေဂျာဖြစ်နေပြီဆိုတော့ ဒီလို အစည်းအဝေးရဲ့ မကောင်းတဲ့ အရာတွေကို ဖယ်ထုတ်ပစ်ရမှာသင့်တာဝန် ဖြစ်လာပါပြီ။ မနက်ဖြန် အစည်းအဝေးရှိတယ်ဆိုရင် ဒီနေ့ကတည်းက ကြိုတင်ပြင်ဆင်ပါ။ ကိုယ်က ဘာတွေပြောဆိုမယ်၊ ဘယ်လို လူတွေဆီက
feedback ကို တောင်းဆိုမယ်။ နောက် meeting လုပ်ရတဲ့ topic နဲ့ မလွဲရအောင် ကိုယ် ဘယ်လိုထိန်းမလဲ ဆိုတာတွေကို သင် ကြိုတင် လေ့ကျင့်ထားသင့်ပါတယ်။ နောက် အလုပ်သမားတွေ အိပ်ငိုက်ခြင်းမရှိစေဖို့ သင့်အနေနဲ့ အခန်းအပြင်အဆင်အပြင်၊ အိပ်ချင်ပြေ သကြားလုံး လေးတွေတောင် ဆောင်ထားသင့်ရင် ဆောင်ထားသင့်ပါတယ်။

ဆက်လက်ဖော်ပြပါမည်...

ကိုးကား - The Muse

Download Wun Zinn


0 comments:

Post a Comment