Tuesday, March 31, 2015

တစ်နေ့တာရဲ့ အစကို ဘယ်လိုစဖွင့်ကြမလည်း?


အောင်မြင်တဲ့ လုပ်ငန်းရှင်တွေ၊ ပုဂ္ဂိုလ်တွေ သူတို့ရဲ့ တစ်နေ့တာကို ဘယ်လို ကျော်ဖြတ်ကြသလဲ။

(၁) အမြင်ကိုပြောင်းပါ (မာစ့်တွိုင်း)
အခက်အခဲဆုံးဆိုတဲ့အရာတွေကို အခွင့်အရေးအဖြစ် မြင်ပါ။

(၂) မြင်သာပါစေ(တိုနီ ရော်ဘင်၏ ဆိုရိုး)
ဒီနေ့ကို ငါဘယ်လိုဖြတ်သန်းမလဲဆိုတာ စဉ်းစားပါ။

(၃) အလုပ်လုပ်ပါ (အိုဘားမား)
အလုပ်လုပ်တယ်ဆိုတာ ခေါင်းကိုရှင်းပစ်ဖို့ပါ။ ဒီလိုလုပ်မှလည်း ဖိအားတွေ ကင်းစင်မယ်လို့ တွေးပါ။

(၄) အရေးမပါတာတွေအတွက် အချိန်ကုန်မနေစေပါနဲ့ (ဒေးဗစ် ကာ့ဖ်)
နိုးနိုးချင်း အီးမေးလ်တွေစစ်ပြီး ခိုင်းထားတာတွေ သိအောင် လုပ်မနေသင့်တော့ပါဘူး။ စဉ်းစားမနေပါနဲ့။ တကယ့်အလုပ်ကို လုပ်ပါ။

(၅) ပြုံးပါ၊ ပြီးတော့ လိုက်လျောညီထွေစွာ ပြောဆိုဆက်ဆံပါ။ (ခရစ်နယူးမာ့က်)
ကိုယ့်ရဲ့ Customer တွေနဲ့ တွေ့ဆုံပါ။ သူတို့နဲ့ စကားပြောပါ။ သူတို့ရဲ့ လိုအပ်ချက်ကို နားလည်အောင် နားထောင်ပေးပါ။

(၆) အမြဲမေးပါ။ (စတိဗ်ဂျော့စ်)
ဒီနေ့ဟာ မိမိဘ၀ရဲ့နောက်ဆုံးနေ့ဆို အခု လုပ်မယ့်အရာတွေကို လုပ်အုံးမှာလားလို့ အမြဲမေးပါ။ ဒါဆို မိမိအတွက် အရေးမပါတာတွေကို မလုပ်မိတော့ပါဘူး။

Download Wun Zinn

0 comments:

Post a Comment