Tuesday, March 31, 2015

အင်ဂျင်နီယာနဲ့ ရှေ့နေ


ဘူတာရုံတစ်ခုမှာ အင်ဂျင်နီယာသုံးယောက်နဲ့ ရှေ့နေသုံးယောက်တို့ တွေ့ကြတယ်။

အင်ဂျင်နီယာသုံးယောက်မှာ လက်မှတ် (၁) စောင်ပဲ ရှိတာကို တွေ့တော့ ရှေ့နေသုံးယောက်က အင်ဂျင်နီယာတွေကို..

ရှေ့နေများ - မင်းတို့ က သုံးယောက်၊ လက်မှတ်က တစ်စောင်တည်း၊ ဘယ်လို ရထားစီးမလဲ။

အင်ဂျင်နီယာများ - ကြည့်နေပေါ့။

ရထားထွက်သည့်အခါ ရှေ့နေများက မိမိသက်ဆိုင်ရာ ခုံများတွင် ထိုင်လိုက်ကြသည်။ အင်ဂျင်နီယာသုံးယောက်မှာ သန့်စင်ခန်းသို့ ပြေးသွားပြီး တံခါးကို ပိတ်လိုက်သည်။ လက်မှတ်စစ်ရောက်လာပြီး လက်မှတ်ပြရန် တောင်းသည့်အခါ သန့်စင်ခန်းမှ လက်တစ်ဖက် ထွက်လာပြီး လက်မှတ် (၁) စောင်ကို ပေးလိုက်သည်။ လက်မှတ်စစ် ပြန်ထွက်သွားသည်။

အပြန်ခရီးတွင် ရှေ့နေများက အင်ဂျင်နီယာများ လုပ်သလို လိုက်လုပ်ရန် ဆုံးဖြတ်လိုက်ကြပြီး သုံးယောက်စာကို လက်မှတ်တစ်စောင်ပဲ ၀ယ်လိုက်သည်။ အင်ဂျင်နီယာများမှာ ထိုအခါ လက်မှတ်တစ်စောင်မှ မ၀ယ်သည်ကို တွေ့ပြီး..

ရှေ့နေများ - ဒီတစ်ခါကော ဘယ်လိုလုပ်မလဲ၊ လက်မှတ်တစ်စောင်မှ မ၀ယ်ပဲနဲ့။

အင်ဂျင်နီယာများ - ကြည့်နေပေါ့။

ရထားပေါ်တက်သည့်အခါ ရှေ့နေများသည် အင်ဂျင်နီယာများနည်းတူ သန့်စင်ခန်းသို့ ပြေးပုန်းနေကြသည်။ အင်ဂျင်နီယာများကလည်း တစ်ခြားသန့်စင်ခန်းတစ်ခုဆီသို့ ပြေးပုန်းနေကြသည်။

ရထားစထွက်သည့်အခါ အင်ဂျင်နီယာတစ်ယောက်သည် သန့်စင်ခန်းမှ ရုတ်တရက်ထွက်လာပြီး ရှေ့နေများ ပုန်းအောင်းနေသည့် သန့်စင်ခန်းကို သွားခေါက်ပြီး ပြောလိုက်သည်က..

"လက်မှတ်လေး တစ်ဆိတ်လောက်ဗျာ"
Download Wun Zinn

0 comments:

Post a Comment