Monday, November 16, 2015

မှန်ရှေ့ရပ်ကြည့်တဲ့အခါ...

တစ်နေ့တော့ မှန်ရှေ့ကို ခင်ဗျား ရပ်ကြည့်ရလိမ့်မယ် မိတ်ဆွေ။ အကြောင်းက ဘ၀ရဲ့ အရေးမပါတဲ့ အပေါ်ယံ အရေခွံခြုံလွှာတွေကို ချွတ်ချပြီး အစစ်အမှန် သဘောတရားကို ခင်ဗျား ရှာဖွေမယ့်အခါ မှန်ရှေ့မှာ ကိုယ့်ကိုကိုယ် ရပ်ကြည့်ခြင်းဟာ ခင်ဗျားကိုယ်ခင်ဗျား အမှန်အတိုင်း မြင်နိုင်ဖို့ အကောင်းဆုံး ဖြစ်လို့ပါ။

ဒါဟာ ရုပ်ရည်အကြောင်း မဟုတ်သလို၊ ဒီ အတ္တဘောခန္ဓာကိုယ်ကြီးမှာ ဖုံးကွယ်ထားတဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ပစ္စည်းအသုံးအဆောင်တွေ အကြောင်းလည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်က အရေးမပါတဲ့ အစိတ်အပိုင်းတွေ ဖယ်ရှားကြည့်လိုက်တဲ့အခါ တကယ်တမ်း ခင်ဗျားကို လောကကြီးမှာ လက်မထောင်ပြီး နေစေနိုင်တဲ့ တစ်ခုတည်းသော အကြောင်းပြချက်ကို ရှာကြည့်ရုံလေးပါ။

အဲ့ဒါဟာ အရည်အချင်းပေါ့။ ဟုတ်တယ် မိတ်ဆွေ။ ဒီခန္ဓာကိုယ်မှာ ဆင်ယင်ထားတဲ့ ရွှေ၊ ငွေ၊ ပစ္စည်းဥစ္စာတွေကို ဖယ်ခွာကြည့်လိုက်တဲ့အခါ တစ်ခုတည်းသော ကျန်ရစ်ခဲ့တာက ကိုယ်ပိုင်အရည်အချင်းပဲ။ ဘယ်လို ကိုယိပိုင်အရည်အချင်းမျိုး ကိုယ့်မှာ ရှိသလဲ။ ဒီအရည်အချင်းတွေနဲ့ ဘာလုပ်ခဲ့ဖူးသလဲ။ ဒီအရည်အချင်းတွေကြောင့် ဘယ်နေရာထိ ရောက်ခဲ့ဖူးသလဲ။

အရည်အချင်းကို တိုင်းတာဖို့ တစ်ခုတည်းသော ပေတံကတော့ ပြဿနာပဲ မိတ်ဆွေ။ ကိုယ့်အရည်အချင်းအလိုက် ကိုယ့်ကို တိုင်းတာမယ့် ပေတံတွေကတော့ ကွဲပြားနိုင်တာပေါ့။ တစ်ချို့လူတွေရဲ့ ပေတံတွေဟာ တိုတိုလာပြီး တချို့ကတော့ အဆမတန် ပြဿနာဖြေရှင်းမှု စွမ်းအင်တွေ မြင့်မားလာကြတယ် မဟုတ်လား။

ဒီတော့ ကိုယ့်မှာ အရည်အချင်း ဘယ်လောက်ရှိသလည်း မှန်ရှေ့မှာ တစ်ချက်လောက် ရပ်ကြည့်ပြီး အဖြေရှာကြည့်ပါ မိတ်ဆွေ။ ပြီးရင် အရေးမပါတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ စံနှုန်းတွေနဲ့ မရှင်သန်မိစေဖို့ ကြိုးစားရမှာပေါ့။

Download Wun Zinn

0 comments:

Post a Comment