တစ်ခါတုန်းက သူဌေးတစ်ယောက်ဟာ ခရီးတစ်ခုကို မြက်ထုပ်တစ်ခု ထမ်းရင်း ထွက်လာခဲ့တယ်။ သူဌေးမှာ မြက်ထုပ်ကို ထမ်းဖို့ ထမ်းပိုးတစ်ခု ပါလာတယ်။ သူဌေး မြက်ထုက်ကို ထမ်းလာတဲ့ပုံစံက မြက်ထုပ်ကို အညီအမျှ ရှေ့နဲ့နောက်မှာ မထမ်းပဲ ရှေ့မှာပဲ ထမ်းပိုးရဲ့ ရှေ့မှာပဲ စုချည်ပြီး ခရီးဆက်လာခဲ့တယ်။ ပြောရရင်တော့ သူဋ္ဌေးခမျာ မြက်ထုပ်ကြီးအလေးချိန်ကြောင့် ရှေ့ကို ငိုက်စိုက်ငိုက်စိုက်နဲ့... ပင်ပန်းစွာ ခရီးဆက်လာတယ်။
လမ်းခုလတ်တစ်နေရာရောက်တော့ အရိပ်ကောင်းတဲ့ သစ်ပင်အောင်မှာ တောင်းစားနေတဲ့ သူတောင်းစားတစ်ယောက်နဲ့ တွေ့တယ်။ သူတောင်းစားက သူဌေးကို အထူးအဆန်းအနေနဲ့ ကြည့်တယ်။ ဘယ့်နှယ်... ဒီသူဌေး မြက်ထုပ်ကို အညီအမျှ ရှေ့နောက် ထမ်းပိုးမှာ ထမ်းလိုက်ရင် သက်သာမယ့်ဟာ၊ ခုတော့ ရှေ့တစ်ခုတည်းမှာပဲ စုချည်ထားတော့ ပင်ပန်းတာပေါ့လို့ တွေးမိတယ်။ မောပန်းလာတဲ့ သူဋ္ဌေးလည်း သူတောင်းစား ထိုင်နေတဲ့ သစ်ပင်ရိပ်မှာ ခတ္တခိုနားတယ်တဲ့။
သူတောင်းစားကလည်း သူဌေးရဲည မြက်ထမ်းတဲ့ကိစ္စကို စပ်စုချင်တယ်၊ သူဌေးဘာဆက်လုပ်မှန်းလည်း သိချင်နေတယ်။ ဒါနဲ့ အမောအပန်းပြေသွားတဲ့ သူဌေးဟာ ခရီးဆက်ဖို့ ပြင်ဆင်တယ်ဆိုရင်ပဲ သူတောင်းစားက သူဋ္ဌေးကို ....
"သူဌေးကြီးခင်ဗျာ၊ သူဌေးကြီးအနေနဲ့ လက်ဝယ်က မြက်ထုပ်ကို အညီအမျှ နှစ်ပုံခွဲ၊ တစ်ပုံစီကို ထမ်းပိုးရဲ့ ရှေ့နောက်မှာ ချည်နှောင်ပြီး ခရီးသွားမယ်ဆိုရင်တော့ သက်သာမယ်" လို့ အကြံပေးလိုက်တယ်။
ဒါနဲ့သူဌေးကြီးလည်း စဉ်းစားတယ်။ ဟုတ်ပေသား... ဒီသူတောင်းစား ပြောတာ... တအောင့်လောက်ကြာတော့ သူဌေးကြီးက သူတောင်းစားကို အောက်ပါအတိုင်း ပြောရင်း ခရီးဆက်သွားတယ်။
"မှန်ပေတယ်၊ အသင် သူတောင်းစား၊ အသင် သူတောင်းစားပေးတဲ့ အကြံဉာဏ်ဟာ ရှေ့လျှောက်ရမယ့် ခရီးအတွက် အင်မတန်မှ သင့်တော်ပါတယ်။ ဒါပေမဲ့ သင်ဟာ သူတောင်းစားတစ်ယောက်ဖြစ်တယ်၊ ငါက သူဌေးတစ်ယောက်ဖြစ်တယ်။ ဒါကြောင့် သင်လို သူတောင်းစားပေးတဲ့ အကြံဉာဏ်ကို ယူပြီး မလုပ်နိုင်ဘူး" ဆိုပြီး နဂိုမူလအတိုင်း မြက်ထုပ်တစ်ခုလုံးကို ထမ်းပိုးရဲ့ တစ်ဖက်မှာပဲ ချည်ပြီး ခရီးဆက်သွားတယ်။
ကဲ... ဒီပုံပြင်လေးထဲကိုဖတ်ပြီး စာဖတ်ပရိသတ် ဘာတွေးမိလည်းဆိုတော့....

Download Wun Zinn

0 comments:
Post a Comment