လင်းသိုက်ညွန့် (မြန်မာ့မြေ)
facebook ဆိုတာကတော့ Mr တို့နဲ့ အလွန်ရင်းနှီးတဲ့ ဝေါဟာရတစ်ခုလို့ စာရေးသူက ယုံကြည်ယူဆပါတယ်။ ၂၁ ရာစုရဲ့ မြို့ပြလူငယ်တွေဖြစ်တဲ့ မစ္စစ်တို့အနေနဲ့ ကိုယ်စီကိုယ်စီမှာ မှတ်ပုံတင် ID ကတ်တစ်ကတ်စီ ရှိကြသလို Facebook Account တွေ ကိုယ်စီကိုယ်စီ ရှိကြမယ် ထင်ပါတယ်။
Facebook ပေါ်မှာ Mr. တို့အနေနဲ့ ဘာတွေလုပ်ကြမလဲ။
- ကိုယ့်ရဲ့ ခံစားချက် (Emotion) တွေကို ကိုယ့်ရဲ့ သူငယ်ချင်း အပေါင်းအသင်းတွေကို Status Update မှ တစ်ဆင့် မျှဝေကြတယ်။
- ကိုယ့်ရဲ့ ဓာတ်ပုံ (Photo) တွေ၊ ဗီဒီယိုဖိုင်တွေကို မျှဝေ (Share) လုပ်ကြတယ်။
- သူငယ်ချင်းတွေဖတ်ဖို့ ကိုယ့်ရဲ့ ခံစားချက်တွေ၊ အတွေးအမြင်ကို Post တွေ၊ Note တွေ၊ ရေးပြီး တင်ကြတယ်။ အဲဒီ Post တွေ Note တွေမှာ အချင်းချင်း အပြန်အလှန် Comment တွေ ထင်မြင်ယူဆချက်တွေ ရေးကြပါတယ်။
- Group တွေဖွဲ့ပြီး ဆွေးနွေးကြတာတွေ စသဖြင့် လုပ်ကြပါတယ်။ ဒါတောင် စာရေးသူတို့ နိုင်ငံမှာ Facebook သုံးစွဲမှုအပေါ် အမြင်အမျိုးမျိုး ရှိကြပြန်ပါသေးတယ်။ အချိန်ကုန်ပြီး အရည်မရ အဖတ်မရမို့လို့ တချို့ကလည်း Facebook စွဲတာနဲ့ အလုပ်ပျက်အကိုင်ပျက် ဖြစ်လို့။ ဒီကြားထဲ Facebook ပေါ်ကနေ အမှုအခင်းတွေ ဘာတွေကလည်း ဖြစ်လိုဖြစ်ဆိုတော့ မိဘတွေကလည်း သားသမီးတွေအတွက် မဖြစ်သင့်တာမဖြစ်ရအောင် စိုးရိမ်ပူပန်မှုတွေ ရှိလာပြန်ပါတယ်။
တကယ်တော့ Facebook ကို အရူးအမူး စွဲလမ်းအသုံးပြုနေကြတာဟာ Mr. တို့ ချည်းပဲ။ မြန်မာလူမျိုးချည်းပဲ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အရွယ်စုံ၊၊ လူမျိုးစုံ၊ လူတန်းစားအစုံက Facebook ကို အရူးအမူး စွဲလမ်းသုံးစွဲနေကြတာပါ။ အဲသလို တစ်ဦးချင်း တစ်ယောက်ချင်းသာ မဟုတ်ပါဘူး။ ကမ္ဘာကျော် ကုမ္ပ
ဏီကြီးတွေ၊ ကုန်အမှတ်တံဆိပ် Brand တွေ အဖွဲ့အစည်းတွေကလည်း Facebook ကို သုံးစွဲပြီး သူတို့ရဲ့ Customer တွေ၊ Fan တွေနဲ့ ထိတွေ့ဆက်ဆံ Communicate လုပ်ပြီး ၀င်ငွေဒေါ်လာပေါင်းများစွာကို ရှာဖွေနေနိုင်ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုပါပဲ။ အားကစား အကျော်အမော်တွေ၊ မင်းသားမင်းသမီး Celebrity တွေကလည်း သူတို့ရဲ့ Facebook Fan Page တွေကို သုံးစွဲအောင်မြင်နေကြသလို၊ သာမန်လူတစ်ဦး တစ်ယောက်ချင်း အနေနဲ့လည်း Facebook ပေါ်မှတဆင့် ၀င်ငွေတွေ၊ အဆက်အသွယ်တွေ စသဖြင့် အကျိုးအမြတ်တွေ များစွာရရှိနေကြတာကို Mr တို့ တွေ့ကြုံရမှာပါ။
ကဲ ဒီလိုဆိုရင် Mr. တို့ရော Facebook ကို အသုံးပြုပြီး သူတို့လို မအောင်မြင်ချင်ကြဘူးလား။ ဟုတ်ပါတယ်။ Mr. တို့အနေနဲ့ Facebook ကို တကယ့်တကယ်သာ အသုံးပြုတတ်ရင် Facebook ပေါ်မှတစ်ဆင့် အခွင့်အလင်းတွေ အကျိုးအမြတ်တွေများစွာ ရနိုင်ပါတယ်။ ဥပမာ- ကိုယ်က အနုပညာတစ်ခုခုကို ၀ါသနာပါပြီး ကြိုးစားနေတဲ့ သူတစ်ယောက်ဆိုရင် ကိုယ့်ရဲ့ Facebook page တစ်ခုကို ဖန်တီးပြီး ကိုယ့်ရဲ့ ပရိသတ်တွေနဲ့ ပိုမိုထိတွေ့နိုင်သလို၊ ကိုယ့်ရဲ့ ပရိသတ်တွေ ပိုများလာအောင်လည်း ဆောင်ရွက်
နိုင်ပါတယ်။ တကယ်လို့ ကိုယ်က အသေးစား၊ အလယ်အလတ်စား စီးပွားရေုးလုပ်ငန်းလေး တစ်ခု လုပ်ကိုင်နေတယ်ဆိုရင်၊ ကိုယ့်ရဲ့ Business ကို Page လေးတစ်ခု ဖန်တီးပြီး ကိုယ့်ရဲ့ Customer တွေနဲ့ ပိုမိုထိတွေ့ဆက်ဆံနိုင်သလို၊ Customer တွေ ပိုမိုများပြားလာအောင်လည်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် မစ္စစ်တို့အနေဖြင့် Facebook ပေါ်မှာ လုပ်ဆောင်နိုင်တာတွေကတော့...
(၁) Personal Profile
ဒါကတော့ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ Profile Facebook Account ဖြစ်ပြီး ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်းးတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။
(၂) Fan Page
အနုပညာရှင်တွေနဲ့ ကိုယ့်ရဲ့ ပရိသတ်တွေအတွက် Fan Page တွေ တည်ဆောက်နိုင်သလို၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း Brand Page တွေ တည်ဆောက်နိုင်ပါတယ်။
(၃) Groups
ဝါသနာတူရာ၊ လုပ်ငန်းတူရာ၊ စိတ်သဘောတူရာအဖွဲ့ Group လေးတွေဖွဲ့ပြီး အမြင်သဘောထားခြင်း၊ အသိဗဟုသုတချင်း ဖလှယ်နိုင်ပါတယ်။
(၄) Places
စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတေအနေနဲ့ တည်နေရာ (Location) ကို အခြေခံတဲ့ Facebook Page တွေ ဖန်တီးထားခြင်းအားဖြင့် ကိုယ့်ရဲ့ Customer တွေအနေနဲ့ သူတို့ရဲ့ Profile တွေမှာ ကိုယ့်လုပ်ငန်းအဖွဲ့အစည်းရဲ့ တည်နေရာ (Location) ကိုဖော်ပြတာမျိုးတွေ လုပ်လို့ရလာပါတယ်။
တကယ်တော့ အသုံးချတတ်ရင် Facebook ပေါ်မှာ အခွင့်အလမ်းတွေက အများကြီးပါ။ ကိုယ့်ရဲ့ အသုံးမလိုတော့တဲ့ ပစ္စည်းတွေကို လေလံတင် ရောင်းချတာမျိုးကအစ၊ အသိဗဟုသုတရစရာ သတင်း၊ အချက်အလက် (Information) တွေ၊ Note တွေဖတ်တဲ့အထိ အသုံးချင်ရင်ချ တတ်သလောက် မစ္စစ်တို့ကို အကျိုးရှိစေမှာပါ။
ဒါပေမဲ့ Facebook ကို အကျိုးရှိ အောင်မြင်စွာ သုံးစွဲနိုင်ဖို့ Mr. တို့အနေနဲ့ ဆေင်ရန်ရှောင်ရန် (Do and Don't) အချက်တွေလည်း
ရှိပါသေးတယ်။ အဲ့ဒါတွေကတော့...
ဆောင်ရန် (Do)
(၁) တစ်ခုခုကို Post မလုပ်မီ မိမိ Post လုပ်လိုက်ရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို စဉ်းစားပါ။
(၂) Facebook သုံးစွဲသူအချင်းချင်း အပြန်အလှန် လေးစားမှုရှိပါ။ (ဥပမာ-သူများ Post ပေါ်မှာ ရိုင်းစိုင်းစွာ Comment ရေးတာမျိုး မလုပ်ပါနဲ့)
(၃) သူများရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့် Privacy ကို လေးစားပါ။
(၄) မိမိရဲ့ Status Update စသည်တို့ကို ရေးသားရာတွင် မိမိအနေဖြင့် တာဝန်ယူနိုင်သည်များကိုသာ ရေးသားပါ။
ရှောင်ရန် (Don't)
(၁) အများသူငှာ ကြည့်ရှုရန် အသင့်တော်သော ပုံများ၊ စာသားများကို Profile ပေါ်မှာတင်ခြင်း၊ ရေးသားခြင်း၊
Share ခြင်း။
(၂) မိမိဂုဏ်သိက္ခာထိခိုက်စေမည့် ပုံများ၊ စာသားများကို တင်ခြင်းရေးသားခြင်း။
(၃) မိမိနှင့် ဆက်စပ်ပတ်သက်နေသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာ ထိရောက်စေမည့် ပုံများ၊ စာသားများကို တင်ခြင်း၊ ရေးသားခြင်း။
(၄) သူတစ်ပါး၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် Comment များကို ရေးသားခြင်း စတာတွေ ဖြစ်ပါတယ်။ Mr တို့အနေနဲ့ Facebook ကို အကျိုးရှိစွာ အသုံးပြုပြီး ဘ၀ရဲ့ အောင်မြင်မှုတွေကို ရှာဖွေနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
လွယ်ကူသက်သာ ရိုးရှင်းစွာ ၀န်ဇင်းတွင် စာဖတ်ပါ။
Download Wun Zinn

0 comments:
Post a Comment