Thursday, March 19, 2015

ပညာရှာတဲ့အခါ


မိုးရွာတဲ့ တစ်နေ့မှာ လူနှစ်ယောက်ဟာ မိုးရေ ခံနေကြတယ်။ တစ်ယောက်က ခွက်သေးသေးလေးနဲ့၊ နောက်တစ်ယောက်ကတော့ စဥ့်အိုးကြီးနဲ့ပေါ့။ အချိန်အနည်းငယ်ကြာတော့ ခွက်သေးသေးနဲ့ မိုးရေခံတဲ့ လူရဲ့ ခွက်ဟာ မိုးရေတွေ ပြည့်သွားတယ်။ ဒါနဲ့ သူလည်း စဥ့်အိုးကြီးနဲ့ ခံနေတဲ့လူကို ပြုံးပြပြီး ထွက်ခွာသွားတယ်။ စဥ့်အိုးကြီးနဲ့ မိုးရေခံနေတဲ့သူကတော့ စိတ်ရှည်လက်ရှည်နဲ့ပဲ မိုးရေမပြည့်မချင်း ခံနေတယ်။

ဘ၀မှာလည်း တစ်ခါတစ်လေ ပညာနို့စို့ကြတဲ့အခါ ကျွန်တော်တို့ ဖြည့်တည်း နေကြရတဲ့ ခွက်ဟာ ဘယ်လိုခွက်မျိုးလည်းဆိုတာ သိဖို့ လိုပါတယ်။ လက်ရှိ မြန်မြန်ပြည့်သွားတဲ့ မိုးရေခံသမားလိုပဲ ခွက်သေးသေးလေးကြောင့် ထပ်ဖြည့်စရာမရှိတော့လို့ ဘ၀င်ပြည့် ပြည့်သွားခြင်းမျိုးလား၊ မပြည့်တာကို မပြည့်သေးဘူးလို့ မသိလို့ ပြန်သွားရခြင်းမျိုးလား ဆိုတာ သိဖို့ လိုအပ်ပါတယ်။

တစ်ခါတစ်လေမှာ တချို့ဟာ မိမိတို့ရဲ့ သုတပညာရပ်ဟာ မိမိတို့အတွက် လုံလောက်ပြည့်စုံသွားပြီလို့ ထင်မှတ်ကြသလို၊ မိမိထက် သုတပညာ နည်းပါးသူက ချီးမွမ်းမှု၊ အထင်ကြီးခံရမှုကို အဟုတ်ထင်မှတ်သွားရုံတို့ကြောင့် ပညာရှာမှီးမှု လမ်းဆုံးသွားတတ်ကြပါတယ်။ မိမိဟာ အရည်အချင်း ပြည့်ဝသွားပြီလို့ ထင်မှတ်ထားချိန်မှာ မိမိ ဖြည့်တည်းခဲ့တဲ့ ခွက်ရဲ့ ပမာဏကို သတိမမူမိကြတဲ့ အချိန်မျိုးမှာလည်း မိမိရဲ့ ပညာရှာမှီးမှု ရပ်တည့်သွားတတ်ပါတယ်။

ဒီတော့ မိမိ ခံနေရတဲ့ ခွက်ရဲ့ အရွယ်အစား အမျိုးအစားနဲ့ မိမိကို ချီးမွမ်းသူ၊ ကဲ့ရဲ့ရှုတ်ချသူတို့ရဲ့ စိတ်နေသဘောထား၊ အရည်အချင်းတို့ကို သိရှိဖို့လည်း လိုအပ်လှပါတယ် မဟုတ်လား ခင်ဗျာ။

Download Wun Zinn


0 comments:

Post a Comment