၇ - Remote Employee တွေကို ကောင်းမွန်စွာ စီမံခန့်ခွဲတတ်ပါစေ။
======================================
မန်နေဂျာတစ်ယောက်ရဲ့ ရုံးခန်းဆိုတာ ရုံးတွင်းက အလုပ်သမားတွေအတွက် တံခါးဖွင့်ထားသင့်ပါတယ်။ သူတို့ရဲ့ အကြံဉာဏ်တွေကို
ရရှိစေဖို့ သူတို့ ကိုယ့်ဆီအချိန်မရွေး ၀င်ထွက်သွားလာနိုင်အောင် ပြုလုပ်ထားသင့်ပါတယ်။ ဒါပေမယ့် အပြင်မှာ ရှိတဲ့ သင့်ရဲ့ ရွှေ့လျား
အလုပ်သမားတွေကိုတော့ ဒီလိုလုပ်လို့ မရနိုင်ပါဘူး။ အကောင်းဆုံးကတော့ သူတို့ ရှိတဲ့နေရာကို တစ်နေ့ (၂) ကြိမ် ကိုယ်တိုင်ကိုယ်ကျ
သွားရောက်လေ့လာသင့်ပါတယ်။ ဒါမှမဟုတ်လည်း ဖုန်းလေးဆက်ပြီး အဆင်ပြေလား၊ ငါဘာတွေ လုပ်ပေးရဦးမလဲ စသည်ဖြင့် မေးခွန်းလေးတွေ
မေးမြန်းပြီး သူတို့ကို ဂရုစိုက်သင့်ပါတယ်။
၈ - အံ့သြစရာကောင်းတဲ့ အသင်းပုံစံတစ်ခု ဖန်တီးပါ။
=================================
သင့် အဖွဲ့သားတွေက သူတို့ဟာ အဖွဲ့ရဲ့ အစိတ်အပိုင်း/အဖွဲ့ဝင်တွေပါလို့ မခံစားနေရဘူးဆိုရင် သင်ဟာ မန်နေဂျာကောင်းတစ်ယောက်လို့ ပြောလို့မရပါဘူး။ အခြေခံအကြမ်းထည်ကနေစပြီး အဖွဲ့အစည်းနဲ့လုပ်တတ်တဲ့
အလေ့အကျင့်ကို ထူထောင်ဖို့ဆိုတာ ခက်ခဲပါတယ်။ (သင်ဟာ အဖွဲ့အစည်းကြီးရဲ့ အလယ်အလတ်ရာထူး ဆိုရင် ပိုတောင် ခက်ခဲပါသေးတယ်) ဒါပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ အဖွဲ့အစည်းစိတ်ထား/ အသင်းအဖွဲ့နဲ့ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ဆိုတာ အသင်းရဲ့နေ့လည်စာအတွက် အကုန်အကျခံလိုက်ကျွေးတာမျိုး၊ ပေါင်းသင်းရခက်တဲ့လူကို အတင်းချော့ပေါင်းတာမျိုး
မဟုတ်ပါဘူး။ တကယ်တော့ အဖွဲ့သားအားလုံးကို သင့်ရဲ့ ပန်းတိုင်နဲ့ တန်ဖိုးအလေးထားမှုတွေကို စုဝေးပြီး ပြောဆိုဆွေးနွေးကြရာကနေ
စတင်နိုင်ပါတယ်။
၉ - အလုပ်သမားများကို လှုံ့ဆော်ပါ။
=====================
တစ်ပတ်အတွင်း ပြုလုပ်ခဲ့တဲ့ အလုပ်တွေမှာ ဘယ်လိုအောင်မြင်မှုတွေ ရှိခဲ့လည်း။ သင်နဲ့ သင့်ရဲ့ အသင်းအဖွဲ့နဲ့အတူ ကြိုးစားခဲ့တာတွေပေါ့။ အနည်းဆုံး
တိကျတဲ့ အောင်မြင်မှု ၃ ခုလောက်ကို သင် စုဆောင်းလိုက်ပါ။ ဒီအောင်မြင်မှုတွေဟာ သင့် အသင်းအဖွဲ့ရဲ့ အကူအညီနဲ့ ဘယ်လိုအောင်မြင်ခဲ့တယ်ဆိုတာ၊ ဒါတွေကို သင် ဘယ်လောက် အလေးထားလည်း ဆိုတာ သူတို့နဲ့ တစ်ယောက်ချင်းစီ တွေ့တဲ့အချိန်လေးမှာပဲ ဖြစ်ဖြစ်၊ အစည်းအဝေး တစ်ခုအတွင်းမှာပဲ ဖြစ်ဖြစ် သူတို့ရဲ့ ကြိုးပမ်းမှုကို သင် အသိပေးပါ။ သူတို့ကို ချီးမွမ်းပါ။ ဒါဟာ သင့်အလုပ်ကို မောင်းနှင်နေတဲ့ အလုပ်သမားတွေကို အတောင်ပံတွေ တပ်ပေးလိုက်ခြင်းပါပဲ။
Ref : The Muse
Download Wun Zinn

0 comments:
Post a Comment