Monday, March 23, 2015

မုန်တိုင်းကြားက ပန်းလိပ်ပြာ


"တကယ့်တော့ အရည်အချင်းဆိုတာ ရုပ်ရည်ပေါ်မှာ တည်တာမဟုတ်ဘူး"
ဒီစကားကို ပြောလိုက်တာကတော့ အမေရိကန် စာပေလက်ရာရှင်၊ အောင်မြင်ရေး ဟောပြောသူ၊ Lizzie Velásquez က ပြောကြားလိုက်တဲ့ စကားဖြစ်ပါတယ်။

March 13 ရက် 1989 မှာ မွေးဖွားခဲ့တဲ့ Lizzie Velásquez ဟာ မွေးရာပါ ကုသရန် ခက်ခဲသည့် ရောဂါကြောင့် သာမန်လူများကဲ့သို့ အလေးချိန် တိုးတက်ဖွံ့ဖြိုးခြင်းမရှိဘဲ ယခုမြင်ရတဲ့ပုံလိုမျိုး ထိတ်လန့်စရာပုံ ဖြစ်ပေါ်ခဲ့ပါတယ်။

တစ်စုံတစ်ယောက်၏ ကျီစားလိုက်သည့် အမှတ်မထင် လုပ်ရပ်ကြောင့် Youtube ပေါ်ကို သူမပုံတင်ခံလိုက်ရတဲ့နေ့မှာ ကြည့်ရှုသူပေါင်း ၄ သန်းရှိခဲ့ပြီး လူအတော်များများဟာ လူသားချင်း မစာနာစွာ ရက်စက် ကြမ်းကြုတ်တဲ့ ကွန်မန့်တွေပေးခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက Lizzie Velásquez အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။

တစ်ချို့ဆို သူမကို မီးရှို့သတ်ပစ်လိုက်ရမှာ။ တစ်ချို့က အင်မတန်မှ ရွံ့စရာကောင်းသည့် သတ္တ၀ါ တစ်ကောင်အဖြစ် သုံးနှုန်းကြသည်။ အကျိုးဆက်အားဖြင့် သူမတက်ရောက်သည့် ကျောင်းတွင်သာမက၊ နေထိုင်ရာ ပတ်ဝန်းကျင်တွင်ပါ သူမကို အရှက်ခွဲမှုများ၊ ရှုံချမှုများ၊ လှောင်ပြောင်မှုများ၊ အနိုင်ကျင့်မှုများကို ခံစားခဲ့ရပါသည်။ အသက် ၁၇ နှစ်သာ ရှိသေးသည့် သူမအတွက် ထိုအချိန်တွေက ကမ္ဘာလောကကြီးသည် ကြောက်စရာအတိကြီး ဖြစ်ခဲ့သည်။

"ကျွန်မ ဒါတွေကို (Comments) မြင်လိုက်ရတဲ့အချိန်မှာ ကျွန်မ ကမ္ဘာကြီးတစ်ခုလုံး ရစရာမရှိအောင် စုတ်ပြတ်သတ်သွားလို့ ခံစားရတယ်။ ကျွန်မကို ဒီလိုဆက်ဆံနေတဲ့ ကမ္ဘာကြီးမှာ ကျွန်မ ဘယ်လို အသက်ရှင်ရမလဲ။ ကျွန်မကိုယ်ကျွန်မ ယုံကြည်မှု ဘယ်လို ပြန်တည်ဆောက်ရမလည်း။"
အဲ့ဒီနေ့ကတည်းကစပြီး ကျွန်မ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တယ်။ ကျွန်မရဲ့ ပုံပန်းသဏ္ဍာန် ကြောင့်တော့ လူတွေ ကျွန်မကို ဒီလို မဆက်ဆံစေရဘူး။

တဖြည်းဖြည်းနဲ့ ကျွန်မကိုယ်ကျွန်မ အားပေးတယ်၊ တည်ဆောက်တယ်၊ ဒါတွေကြောင့် ကျွန်မ ခုချိန်မှာ အောင်မြင်ရေးလှုံဆော်သူ တစ်ယောက် ဖြစ်လာတယ်။ ကျွန်မကိုယ်ကျွန်မ အားပေးခဲ့ရမှုတွေက ခုချိန်မှာ သူများ တွေကို အားပေးဖို့ ဖြစ်လာခဲ့တယ်။ လူတွေကို ကျွန်မ အားပေးဖို့ သွားရောက်တဲ့အခါမှာ ကျွန်မအသက်ရှင်နေရတဲ့ ပုံစံကို မြင်တွေ့ရပြီး "ကျွန်မပြဿနာဟာ သူတို့ ပြဿနာထက် ပိုဆိုးပါလား၊ ကျွန်မတောင် ဇွဲမလျှော့ပဲ၊ စိတ်ဓာတ်မကျပဲ ဘ၀ကို ကြိုးစားရပ်တည်နေသေးရင် သူတို့ရဲ့ ဘ၀က ပိုပြီးတော့ အဆင်ပြေသေးပါတယ်" စသည်ဖြင့် တွေးမိလာ တတ်ကြတယ်။ သူတို့ဘ၀ကို ရှေ့ဆက်လှမ်းဖို့ ခြေလှမ်းသစ်တွေ ရသွားကြတယ်။

TEDx talk အစီအစဉ်မှာ ဟောပြောဖို့ ဖိတ်ကြားခံရတဲ့ သူမကို Women Rising လို့ ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ဒါရိုက်တာဖြစ်သူ Sara Bordo တွေ့ရှိခဲ့ပြီး စိတ်ဓာတ်ခွန်အား ပြန်လည်မတင်ပေးသည့် အစီအစဉ်တစ်ခုဖြစ်သည့် A Brave Heart လို့ အမည်ရတဲ့ သူမရဲ့ နေ့စဉ်ဘ၀ documentary အဖြစ် ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီအစဉ်လေးကို အသုံးပြုပြီး သူမဟာ လူလူချင်း အနိုင်ကျင့်ခြင်းမှ ကင်းဝေးဖို့ သူမက လှုံဆော်ခဲ့တယ်။

"ဘ၀မှာ ကိုယ်လုပ်ချင်တာတွေ လုပ်ရဖို့အတွက် အရေးကြီးဆုံးကတော့ ကိုယ့်ကိုကိုယ် ချစ်ဖို့ လိုတယ်.." လို့ ပြောလာသူ Lizzie Velásquez ရဲ့ ပုံကိုကြည့်ပြီး လူတွေဟာ သူတို့ရဲ့ ဘ၀တွေကို ချစ်မြတ်နိုးပြီး ရှေ့ဆက်ဖို့ အားအင်တွေ ရလာကြတယ်။

ကျွန်မရဲ့ မူကြိုဘ၀အစက ကျွန်မရဲ့ ရုပ်သွင်ကြောင့် အနိုင်ကျင့်ခံရတာနဲ့ စတာပါပဲ။ မျက်လုံးတစ်ဖက် ကွယ်နေတဲ့ Lizzie Velásquez တစ်ယောက်က ..."အဲဒီအချိန်တွေတုန်းကဆို ကျွန်မကိုယ့်ကိုကိုယ် ပြန်ကြည့်ရင်း ကျွန်မရဲ့ ၀ိညာဉ်ဟာ ခန္ဓာကိုယ်ကနေ အငွေ့ပျံကွယ်ပျောက်သွားရင် ကောင်းမှာပဲလို့ တွေးမိတယ်"

"ကျွန်မ ငိုချင်လာတယ်ဆိုရင် ကျွန်မ ငိုချလိုက်တာပါပဲ။ ဒါပေမဲ့ ငိုပြီးတာနဲ့ ကျွန်မကိုယ်ကျွန်မ ပြန်ပြောတယ်"

"ဒီနေ့ဟာ ကျွန်မဘ၀ရဲ့ ၀မ်းနည်းမှု နောက်ဆုံးနေ့ပဲ၊ မနက်ဖြန် နေထွက်တာနဲ့ အားလုံးပြီးသွားပြီ" .....

Download Wun Zinn


0 comments:

Post a Comment